မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

International News
မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိကျောင်း ခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်တဲ့ ၃၈ နှစ်အရွယ် အမျိုးသမီးဟာ ရေသွားခပ်ရင်း မိကျောင်း ကိုက်ခံခဲ့ရပြီး မိကျောင်းခံတွင်းဝမှာ မိနစ် ၉၀ ကြာ ရောက်ခဲ့ပေမဲ့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

မိကျောင်း ကိုက်ခံရသူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ကာလီမန်တန်ပြည်နယ်မှာ နေထိုင်သူ ဖယ်လ်မီရာ ဖြစ်ပါတယ်။ သူက မြက်ပင်စိမ်းတွေ ဖုံးနေတဲ့ ချောင်းမှာ ရေသွားခပ်တုန်း ရေအောက်မှာ ချောင်းနေတဲ့ မိကျောင်းက သူ့ခြေထောက်ကို ကိုက်ခဲ့တာပါ။

မိကျောင်းက သူ့ကို ရေအောက်ထဲ ဆွဲချဖို့ ကြိုးစားပေမဲ့ ရေ သိပ်မနက်တာကြောင့် ဖယ်လ်မီရာက ရေပေါ်မှာ ခေါင်းဖော်ထားနိုင်ခဲ့ပြီး ရုန်းကန်ခဲ့တာပါ။

ဖယ်လ်မီရာက အော်ဟစ်အကူအညီ တောင်းခံတာကြောင့် ဆီအုန်း စိုက်ခင်းမှ လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာခဲ့ပြီး မိကျောင်း ဆွဲချသွားလို့ မရအောင် ဖယ်လ်မီရာ ဖမ်းဆွဲထားဖို့ တုတ်တစ်ချောင်း ကမ်းပေးခဲ့ပါတယ်။ သူတို့က မိကျောင်း
ကို တုတ်နဲ့ ခြောက်လှန့်လို့ မိကျောင်းက ဖယ်လ်မီရာကို လွှတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။

ဖယ်လ်မီရာကိုတော့ ဆေးရုံတင်ပို့ခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မိကျောင်းမျိုးစိတ် ၁၄ မျိုး ကျက်စားရာနေရာဖြစ်လို့ မိကျောင်းရန်ကို သတိထားကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။