ဘယ်မြေပြင်မှာမဆို မောင်းလို့ရတဲ့ ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင်

International News Tech
ဘယ်မြေပြင်မှာမဆို မောင်းလို့ရတဲ့ ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘယ်မြေပြင်မှာမဆို မောင်းလို့ရတဲ့ ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘယ်မြေပြင်မှာမဆို မောင်းလို့ရတဲ့ ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင်

ဖင်လန်နိုင်ငံရဲ့ 18Wheels Inc., ကုမ္ပဏီက ဘယ်မြေပြင်မှာမဆို မောင်းနှင်လို့ရတဲ့ ၁၈ ဘီးကား(ATV)ကို တီထွင်ခဲ့ပါတယ်။ ဘီးလုံးငယ် တစ်လုံးစီကို သီးခြားအောက်ပိုင်းစနစ် တစ်ခုစီနဲ့ တည်ဆောက်ထားတာဖြစ်ပြီး မညီမညာ ကြမ်းတမ်းတဲ့ လမ်းတွေမှာတောင် သက်သောင့်သက်သာ စီးနိုင်စေနိုင်မယ်လို့ ဆိုပါတယ်။

သေးငယ်တဲ့ ဘီးလုံးတွေကြောင့် အတားအဆီးတစ်ခုခုနဲ့ တိုက်မိတဲ့အခါ ဆောင့်မိတဲ့အရှိန်က (သာမန် ATV ကားတွေထက်) ၁၀ ဆ လျော့နည်းတယ်လို့ ဆိုပါတယ်။ 18Wheels Inc., ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ၁၈ ဘီးကား ပုံစံငယ်ကို ပြသခဲ့တာဖြစ်ပေမဲ့ ဒီတစ်ပတ်ထဲမှာမှ အွန်လိုင်းပေါ်မှာ ဒီဗီဒီယို ပျံ့နှံ့သွားခဲ့တာပါ။

” ကျွန်တော်တို့ရဲ့ ATV က အတားအဆီးတွေကို အမြန်နှုန်းနဲ့ ဖြတ်ကျော်မောင်းနှင်နိုင်ပါတယ်။ ဥပမာ လမ်းမှာ လုံးပတ် ၁၄ လက်မလောက်ရှိတဲ့ သစ်ပင်လဲနေတာကို ဖြတ်မောင်းသွားတာမျိုးပေါ့။ လှေကားပေါ်လည်း မောင်းလို့ရတယ်။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ရဲ့ ATV လို မောင်းနှင်တဲ့ယာဉ်မျိုး မရှိဘူးလို့ ပြောရဲပါတယ်” လို့ 18Wheels Inc., ကုမ္ပဏီကို တည်ထောင်သူ အလီယက်ဗ်က ဆိုပါတယ်။


18Wheels Inc., ကုမ္ပဏီဟာ လာမယ့်အောက်တိုဘာလအတွင်း စီးပွားဖြစ် ထုတ်လုပ်မယ့် ၁၈ ဘီးကားပုံစံကို ပြသသွားဖို့ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။