ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မီချဲယို

Celebrity International News

ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မီချဲယို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မီချဲယို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Everything Everywhere All at Once - Wikipedia
” အချိန်တွေ ကုန်လွယ်လိုက်ပုံများ မနှစ်ကပဲ ကျွန်မ အသက် ၆၀ ပြည့်သွားတယ်။ ရက်၊ နှစ်၊ ကိန်းဂဏန်းတွေ ပိုများလာလေလေ၊ အခွင့်အရေး ပိုနည်းလာလေလေပဲဆိုတာ ကျွန်မတို့ အမျိုးသမီးတွေအားလုံး သိကြမှာပါ။ အဲဒီနောက်မှာတော့ Everything, Everywhere All at Once ဆိုတဲ့ အကောင်းဆုံးလက်ဆောင် ရောက်လာခဲ့တာပါပဲ”

Michelle Yeoh wins Best Actress award at Golden Globes (VIDEO) | Malay Mail
ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ရခဲ့ပြီးနောက် မလေးရှားမင်းသမီး မီချဲယိုက အခုလို ပြောခဲ့တာပါ။ ဟောင်ကောင်ရုပ်ရှင်တွေ ရိုက်တာများလို့ သူ့ကို ဟောင်ကောင်မင်းသမီးလို့လည်း လူသိများပါတယ်။ မီချဲယိုဟာ ဟာသ(သို့) ဂီတဆိုင်ရာ ဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီဆု ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် အာရှသရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။

မီချဲယိုဟာ The Lady ဇာတ်ကားကြောင့် မြန်မာပရိသတ်တွေကြားမှာလည်း လူသိများတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။