သန့်ရှင်းရေး ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်စားနေကြတဲ့ လူလိမ် Page များ

Local News
သန့်ရှင်းရေး ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်စားနေကြတဲ့ လူလိမ် Page များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သန့်ရှင်းရေး ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်စားနေကြတဲ့ လူလိမ် Page များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သန့်ရှင်းရေး ဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်စားနေကြတဲ့ လူလိမ် Page များ

အိမ်တိုင်ရာရောက် ကားရေဆေးဝန်ဆောင်မှု၊ သန့်ရှင်းရေးဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်စားနေတဲ့ အဖွဲ့တစ်ခုပေါ်နေပါတယ်။
အဆိုပါအဖွဲ့ဟာ သန့်ရှင်းရေးဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအစစ်အမှန်တွေရဲ့ နာမည်တွေကို အလွဲသုံးစားပြုလုပ်ပြီး Facebook Page တွေပြုလုပ်ကာ လိမ်စားနေတာဖြစ်တဲ့အတွက် ဘယ်ဟာက အစစ်လဲ၊ ဘယ်ဟာက အတုလဲဆိုတာ အချို့လူတွေအတွက် ဝေခွဲမရ ဖြစ်နေကြပြီး ငွေတွေအလိမ်ခံနေရလျက်ရှိပါတယ်။
ယခုလောလောဆယ် အဆိုပါ လူလိမ်အဖွဲ့ဟာ “Bumble Bee Cleaning Services” နဲ့ “Titan Cleaning Service” ဆိုပြီး Page အတုတွေဖွင့်ကာ Facebook ပေါ်မှာ Boost တောင်လုပ်နေကြပါတယ်။


Boost လုပ်တဲ့အခါ သုံးထားတဲ့ ပုံတွေဟာလည်း Designer တစ်ယောက်က သေချာစွာဖန်တီးထားတဲ့ ပုံတွေဖြစ်နေတဲ့အတွက် အပေါစားလိမ်စားနေတဲ့အဖွဲ့တော့ မဟုတ်ပါဘူး။
သူတို့အဖွဲ့ အခုလောလောဆယ် လိမ်စားနေတဲ့ နည်းကတော့ ကားရေဆေးဝန်ဆောင်မှု၊ သန့်ရှင်းရေးဝန်ဆောင်မှု လိုအပ်နေသူက ဆက်သွယ်လာရင် Booking တင်ပေးပါဆိုပြီး Website Link တစ်ခုကနေ Android Application တစ်ခုကို ဖုန်းထဲ Install ပြုလုပ်ခိုင်းပါတယ်။ Application ကို Install လိုက်ပြီဆိုရင်တော့ သင့်ရဲ့ဖုန်းကို သူတို့ဘက်က ထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အခုသိရသလောက်ကတော့ အဲ့လို Install ပေးလိုက်လို့ KBZ Pay ကနေ ပိုက်ဆံတွေပါသွားတာမျိုး၊ ငွေကြိုလွှဲခိုင်းလို့ လွှဲပေးလိုက်တာမျိုးတွေ ကြုံနေရသူ ၁၀ ယောက်လောက်ရှိပါပြီ။

Viber ကနေဆက်သွယ်ပြီး App Install ဖို့ Link ပို့ပေးတဲ့ ပုံပါ။

ဒါကတော့ လူလိမ်အဖွဲ့ပေးတဲ့ App ကို Scan လုပ်ထားတဲ့ ပုံပါ။ စာအနီတွေနဲ့ပြထားတာတွေကတော့ အကြမ်းဖျင်းပြောရရင် App ကို Install လုပ်လိုက်မယ်ဆိုရင် ဖုန်းရဲ့ SMS တွေရယူခွင့်၊ ဖုန်းကို ထိန်းချုပ်ခွင့် ရသွားမယ့် Program တွေ ပါဝင်နေတာကို ပြထားတာပါ။

Facebook Page တစ်ခုကို ဘယ်အချိန်က တည်ထောင်ခဲ့တယ်၊ ဘယ်အချိန်က နာမည်ပြောင်းခဲ့တယ်ဆိုတာကိုကြည့်ချင်ရင် Page ရဲ့ About ထဲဝင် “Page Transparency” ဆိုတဲ့နေရာက See all ကိုနှိပ်ပြီး ကြည့်လို့ရပါတယ်။

သန့်ရှင်ရေးဝန်ဆောင်မှုပြုလုပ်နေတဲ့ ကုမ္ပဏီနာမည် အစစ်အမှန်တွေကို အလွဲသုံးစားပြုလုပ်ပြီး ဖွင့်ထားတဲ့ Page အတုတွေပါ


အဆိုပါ Page တွေဟာ Followers 1,000 အောက်သာရှိနေပြီး၊ Page ပြုလုပ်ထားတာကလည်း တစ်လတောင် မပြည့်သေးပါဘူး ။
ဒါကြောင့် Android Phone ကိုင်ဆောင်ထားသူတွေနေနဲ့ Play Store က မဟုတ်ဘဲ တခြား Link တွေကနေ App ကို Install လုပ်မယ်ဆို သတိထားကြဖို့နဲ့ ကိုယ်နဲ့မသိတဲ့သူက App တစ်ခုခုကို Install ပြုလုပ်ခိုင်းရင် Install လုပ်လိုက်တာမျိုး လုံးဝ (လုံးဝ) မလုပ်မိကြဖို့ အသိပေးလိုက်ပါရစေ။

ရေးသားသူ –ကားသတင်းစုံ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။