ဓနုဖြူမှာ လောင်းကစားဝိုင်းဝင်စီးပြီး KTV သွားဖို့ ငွေ ၄ သိန်းတောင်းခဲ့တဲ့ စစ်ကောင်စီအရာရှိ

Local News

ဓနုဖြူမှာ လောင်းကစားဝိုင်းဝင်စီးပြီး KTV သွားဖို့ ငွေ ၄ သိန်းတောင်းခဲ့တဲ့ စစ်ကောင်စီအရာရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဓနုဖြူမှာ လောင်းကစားဝိုင်းဝင်စီးပြီး KTV သွားဖို့ ငွေ ၄ သိန်းတောင်းခဲ့တဲ့ စစ်ကောင်စီအရာရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ မတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်က အရာရှိနဲ့အဖွဲ့ဝင်တွေက လိုင်းကစားဝိုင်းကိုဝင်စီးပြီး KTV သွားဖို့ ငွေ ၄ သိန်းတောင်းယူသွားတယ်လို့ သိရပါတယ်။


ထောက်ရှားရိုးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီနယ်မြေခံတပ်က တာဝန်ခံတပ်အရာရှိနဲ့ စခန်းမှူးအဖွဲ့ပူးပေါင်းပြီး ညနေ ၄ နာရီခွဲလောက်ဝင်စီးကာ ငွေ ၄ သိန်းတောင်းသွားတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တွေက ပြောပါတယ်။


“ အရင်က လိုင်းကြေးပေးထားရင် လာမယ်ဆိုတောင်ကြိုပြောတယ် ခုက လိုင်းကြေးပေးလည်း စိတ်မချရတော့ ဘူး ရဲက တမျိုး စစ်တပ်ကတမျိုးဖြစ်နေတာ ရတာက နည်းနည်း ပေးရတာက များများဖြစ်နေတယ်လက်နက်
ကိုင်ပြီး လူမိုက်လုပ်နေကြတာ”လို့ လောင်းကစားဝိုင်းပြုလုပ်သူတဦးက ပြောပါတယ်။


စစ်ကောင်စီနယ်မြေခံတပ်က တာဝန်ခံတပ်အရာရှိနဲ့ စခန်းမှူးအဖွဲ့ပူးပေါင်းပြီးဝင်စီးခဲ့တဲ့ လောင်းကစားဝိုင်း ဟာ အပိုင်နယ်ထိန်းကို လိုင်းကြေးပေးလုပ်နေတာဖြစ်ပေမယ့် KTV သွားဖို့လာတောင်းတာဆိုလို့ ဝိုင်းထဲက ပိုက်ဆံစုပေးလိုက်ရတယ်လို့ ဆိုပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။