ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် အလွယ်ကူဆုံးနည်း

Health Knowledge
ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် အလွယ်ကူဆုံးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် အလွယ်ကူဆုံးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မယ့် အလွယ်ကူဆုံးနည်း

အချိန်အကြာကြီးအထိုင်များတဲ့သူတွေက ခါးနာတာ၊ ခြေထောက်ကျင်တာ၊ လေးလံထိုင်းမှိုင်းတာတွေလို့ ပြဿနာတွေ ခံစားကြရပါတယ်။ တစ်ခါတရံ ပြင်းပြင်းထန်ထန်ခြေထောက်နာကျင်တာက သင့်ရဲ့အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးမှုတွေများလာရပါတယ်။ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့အဲဒီပြဿနာတွေကို ဖယ်ရှားပစ်နိုင်တဲ့ အလွယ်ကူဆုံးနည်း (၂) နည်းကို မျှဝေပေးချင်ပါတယ်။

နည်းလမ်း (၁)

ပန်းသီးအရက်ဗင်နီဂါရဲ့ အကျိုးကျေးဇူးတွေများတယ်ဆိုတာကို လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖယ်ရှားချင်ရင် သင့်ခြေထောက်ကိုလည်း အဆိပ်အတောက်ဖယ်ရှားရပါတယ်။ ပန်းသီးအရက်ဗင်နီဂါသုံးပြီး အဆိပ်အတောက်ဖယ်ရှားဖို့ဆိုရင် ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ ဆား (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ မရှိမဖြစ်ဆီ (၃-၄) စက်နဲ့ Moisturiser တွေ လိုအပ်ပါတယ်။

ဘယ်လိုလုပ်မလဲ

ပုံးတစ်ပုံးနဲ့ ရေနွေးနွေးလေးယူပြီး ရေက ဒူးအောက်လောက်ထိရှိရပါတယ်။ ရေကို အရမ်းမပူပါနဲ့။ အပေါ်မှာပြောထားတဲ့ပစ္စည်းတွေကို Moisturizer ကလွဲလို့ ရေထဲကို ထည့်ပြီး ရောစပ်လိုက်ပါ။ ခြေထောက်ကို (၁၅) မိနစ်လောက် ရေထဲစိမ့်ထားပါ။ ပြီးရင် ရေစင်အောင် အဝတ်နဲ့သုတ်လိုက်ပြီး ခြေထောက်ကို Moisturiser လိမ်းပေးလိုက်ပါ။
သင် အချိန်ရရင် နာရီဝက်လောက်လဲလျောင်းနေလိုက်ပါ။ ရေထဲမှာ ခြေထောက်ကို စိမ့်ပြီးနောက် သွေးကြောတွေ နူးညံ့လာပါလိမ့်မယ်။

ဘယ်လိုထိရောက်လဲ

ရေနွေးနွေးလေးက ခြေထောက်နာကျင်တာကိုလျော့ချတဲ့နေရာမှာ တကယ်ထိရောက်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေတဲ့အတွက် သွေးအတွင်းက အောက်ဆီဂျင်ပမာဏကို တိုးလာစေပါတယ်။ ကြွက်သားတွေကို ပြေလျော့အောင် ကူညီပေးသလို ညဘက်ကိုလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ ရေထဲကို ဆားထည့်တာက နာကျင်မှုကို ကုသပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

နည်းလမ်း (၂)

ခန္ဓာကိုယ်အဆိပ်အတောက်တွေ ဖယ်ရှားဖို့ဆိုရင် ခြေထောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးရပါတယ်။ နောက်ထပ်လွယ်ကူဆုံးနည်းလမ်းက မုန်ညှင်းဆီ၊ ပန်းရောင်ဆား၊ သံပုရာနဲ့ ရေနွေးနွေးတို့ကို အသုံးပြုတာပါပဲ။

ဘယ်လိုလုပ်မလဲ

ခြေထောက်ကို မုန်ညှင်းဆီ၊ ပန်းရောင်ဆား၊ သံပုရာသီးတို့နဲ့နှိပ်နယ်ပေးပါ။ ရေနွေးနွေး (၁) ပုံးယူပြီး သံပုရာသီး (၂) လုံးညစ်ထည့်၊ ပန်းရောင်ဆားအနည်းငယ်တို့ကို ထည့်ပြီး ခြေထောက်ကို မိနစ် (၂၀) လောက် ရေထဲ စိမ့်ထားပြီး နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းက သင့်ခြေထောက်ညောင်းတာကို သက်သာစေရုံသာမက ခန္ဓာကိုယ်ကိုလည်းအဆိပ်အတောက်ဖယ်ရှားပေးပါတယ်။

ဘယ်လိုထိရောက်မှုရှိလဲ

ပန်းရောင်ဆားမှာ သံဓာတ်၊ အိုင်အိုဒင်း၊ ဆိုဒီယမ် ကလိုရိုက်နဲ့ အခြားသတ္တုဓာတ်တွေပါဝင်ပါတယ်။ ရေထဲကို ဆားထည့်လိုက်တဲ့အခါ ဆားမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ရေမှာ ပျော်ဝင်သွားပါတယ်။ ရေထဲမှာ ခြေထောက်စိမ့်လိုက်တဲ့အခါ သတ္တုဓာတ်တွေက အရေပြားရဲ့အလွန်သေးငယ်တဲ့ချွေးပေါက်ကနေ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။