အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ

International News
အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့သူ

သြစတြီးယားနိုင်ငံသား ဖီးလစ်ဘွမ်ဂတ်နာဟာ ကောင်းကင်ဒိုင်ဗင်သမားတွေထဲမှာတော့ ဆရာတစ်ဆူပါပဲ။ သူဟာ အသံထက် ပိုမြန်တဲ့အရှိန်နဲ့ ကောင်းကင်ဒိုင်ဗင် ထိုးပြနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ဖီးလစ်ဘွမ်ဂတ်နာဟာ ၂၀၁၂ ခုနှစ်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရဲ့ ကောင်းကင်ထက် အမြင့်ပေ ၁၂၈၁၀၀ မှာ ပျံဝဲနေတဲ့ ဘောလုံးပေါ်ကနေ ကောင်းကင်ဒိုင်ဗင် ထိုးခဲ့တာပါ။ သူ့ရဲ့ အမြင့်ဆုံးအရှိန်က တစ်နာရီ ၈၃၃.၉ မိုင်နှုန်းအထိ ရှိခဲ့ပြီး အသံရဲ့အမြန်နှုန်းထက် ပိုမြန်ခဲ့ပါတယ်။

ကမ္ဘာမြေပြင်အထက် ၂၄ မိုင်(အမြင့်ပေ ၁၂၈၁၀၀ )ကနေ ခုန်ချခဲ့တဲ့ ဖီးလစ်ဘွမ်ဂတ်နာရဲ့ ကောင်းကင်ဒိုင်ဗင်ထိုးမှုဟာ အမြင့်ဆုံးနေရာကနေ အလွတ်ခုန်တဲ့ စံချိန်ကိုလည်း ချိုးနိုင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။