lee Kwang Soo ဟာ Joen So Min ကိုဘာလို့ Instagram မှာ Unfollow လုပ်ခဲ့တာလဲ???

Celebrity International News

lee Kwang Soo ဟာ Joen So Min ကိုဘာလို့ Instagram မှာ Unfollow လုပ်ခဲ့တာလဲ???

မတ်လ ၂၅ ရက်က Starbiz ကနေတင်ထားတဲ့ ဆောင်းပါးတစ်ခုကို ယခုဖြစ်နေသော အခြေအနေနှင့်တိုက်ဆိုင်နေသောကြောင့် ဘာသာပြန်ကြည့်ခြင်း
မကြာသေးတဲ့ အချိန်က Jeon So min က သူ့ရဲ့ Instagram ကနေ Lee Kwang Soo ရဲ့ official Instagram account ကို

unfollow လုပ်သွားခဲ့တာကို တွေ့ရခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လူပြောတော်တော်များခဲ့သလို ကျွန်တော်တို့ဘက်ကလည်း ဖြစ်နိုင်တဲ့ Source တွေကိုရှာပြီ:

တိတိကျကျဘာသာပြန်ပြီး တင်ဆက်ပေးချင်တဲ့ ဆန္ဒနဲ့
ရေးလိုက်ရပါတယ်။ ( Lee Kwang Soo ဘက်ကတော့ Jeon So min King Kong entertainment ကို ဝင်လာပြီး

နောက်တစ်နေ့မှာ သူ့ Instagram ကနေ အရင် unfollow ခဲ့တာပါ)


Running Man ရဲ့ lineup မှာ သူ့အနေနဲ့ Cast Member အဖြစ်နဲ့ ပါဝင်ကတည်းကနေ Jeon So min ကိုပရိသတ်တော်တော်များများ မနှစ်သက်ခဲ့ကြပါဘူး။
အကြောင်းမှာ သူမ အနေနဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို အမြဲပြုလုပ်တဲ့အတွက်ကြောင့်ကြည့်ရှုသူတွေကို

စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ယူဆရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ပရိတ်သတ်တွေ ဘက်က Jeon So min နဲ့ Running Man Member တွေအကြား ဆက်ဆံရေးတွေက

တကယ်ကောင်းနေလား မကောင်းဘူးလားဆိုတာကိုတော့ သိချင်နေကြပြီဖြစ်ပါတယ်။
ပြီးတော့ မကြာသေးမီက Lee Kwang Soo ပြုလုပ်လိုက်တဲ့အရာတစ်ခုကြောင့် (Social Media ပေါ်တွင် Unfollow ခြင်းနှင့်ပတ်သက်၍ဆိုလိုခြင်းဖြစ်သည်)

ပရိတ်သတ်တွေကြားမှာ တော်တော်များများ ငြင်းခုန်မှုတွေဖြစ်
နေကြပြီဖြစ်ပါတယ်။ Ep 495 kwang တစ်ယောက်accidentဖြစ်ရာကနေပြန်လာတဲ့episodeတစ်ခု သူခြေထောက်ဒဏ်ရာကြိးနဲ့ကို

ကိုယ်တွေအတွက်အကောင်းဆုံးကစားပေးခဲ့တဲ့epပေါ့
အဲ့epနောက်ဆုံးပြစ်ဒဏ်မှာkwangနဲ့ဖားနှစ်ယောက်ထဲကတစ်ယောက်ပြစ်ဒဏ်ခံရမယ့်အချိန်မှာkwangက ဖားကိုပက်မယ့်ရေခွက်ထဲရေပို
ထည့်ခိုင်းတာကြောင့် kwang မျက်နှာကိုဖားကရေဘူးထဲကရေတွေနဲ့ပက်ခဲ့တယ်
ဒါဟာAccidentဖြစ်ပြိးခြေထောက်နာလျက်နဲ့လာကစားပေးခဲ့တဲ့kwangကိုသူအပြစ်ဒဏ်ကျခံရလို့ဆိုပြိးဆက်ဆံတဲ့ပုံမျိုးပေါ့


အထူးသဖြင့် Running Man Fandom အနေနဲ့ Instagram မှာ ဂွမ်ဆူက follow မလုပ်တာနဲ့ ပတ်သက်ပြီးတော့ တော်တော်ကို

အံ့ဩနေခဲ့ကြတာကို တွေ့ရပါတယ်။ Running Man ကို စစဝင်တုန်းကတော့ Lee Kwang Soo အနေနဲ့ Jeon So min ကို Follow လုပ်ထားတာကို
တွေ့ရမှာပါ။ ဆဲချန်းအပါအဝင် ကျန်တဲ့ member တွေအားလုံးကို Follow လုပ်ထားတဲ့ Lee Kwang Soo အနေနဲ့ Jeon So min ကို

Unfollow လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လူပြောများနေခဲ့တာ ဖြစ်ပါတယ်။
ပရိတ်သတ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပြီးတော့ အချို့ပရိတ်သတ်တွေကတော့ မတော်တဆလုပ်မိတာ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးထားခဲ့ကြတာဖြစ်ပါတယ်။

သို့ပေမယ်လည်း Unfollow လုပ်တဲ့အခါ အဆင့်တစ်ချို့ကို ဖြတ်သန်းရတဲ့အတွက်ကြောင့် ဒါက မတော်တဆ
မဖြစ်နိုင်ဘူးလို့လည်း မှတ်ချက်ပြန်ပေးထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
အခြား Netizens များကမူ Kwang Soo အနေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် Unfollow လုပ်ခဲ့တာလို့ ယုံကြည်နေကြပါတယ်။
သူတို့နှစ်ယောက်အကြား Netizen တို့အနေနဲ့ မေးခွန်းတွေမြောက်မြားစွာ ထုတ်နေခဲ့ကြတာပဲဖြစ်ပါတယ်။

ပရိတ်သတ်တော်တော်များများ ထောက်ပြခဲ့တဲ့ အချက်အလက်တွေကတော့
Jeon So min အနေနဲ့ သူ(မ) ရဲ့ ရယ်စရာကောင်းလှတဲ့ အပြုအမူတွေ ၊ မနှစ်မြို့စရာကောင်းတဲ့ အပြုအမူတွေကြောင့်

Running Man အဖွဲ့ဝင်တွေရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်ခဲ့ဘူးဆိုပြီး
ထောက်ပြခဲ့ပါတယ်။
Jeon So min နဲ့ Lee Kwang Soo တို့အကြားမှာ Dating Rumor တစ်ချို့ရှိခဲ့ပါတယ်။ အရင်တုန်းက Jeon So min အနေနဲ့

Lee Kwang Soo အပေါ်ကို ပရောပရီလုပ်တာနဲ့ ပတ်သက်ပြီးတော့ Running Man
ဘက်ကနေ Love line လုပ်ဖို့ပြင်ဆင်ခဲ့ပေမယ့် Lee Kwang Soo ဘက်ကနေ လက်မခံပဲ ငြင်းခဲ့ပါတယ်။

ဒါ့အပြင် Lee Kwang Soo အနေနဲ့ သူ့ Instagram မှာ Jeon So min နဲ့ပတ်သက်တဲ့ ပုံတွေ တစ်ခုမှ
မရှိတာကို ပရိတ်သတ်တွေဘက်ကနေ ရှာတွေ့ခဲ့ပါတယ်။ အဖွဲ့လိုက်ပုံမှာတင်ပင် Jeon So min မပါတာကိုတွေ့ရမှာပါ။

ဒါကြောင့် ပရိတ်သတ် အချို့က Lee Kwang Soo အနေနဲ့ Jeon So min ကို တကယ်မနှစ်မြို့တာ
အတွက်ကြောင့် Unfollow လုပ်ခဲ့တာလို့ လက်ခံထားခဲ့ကြပါတယ်။
မတော်တဆပဲလား ရည်ရွယ်ချက်ရှိရှိပဲလား မသိပေမယ့် ဒီပြဿနာက မင်းသား နဲ့ မင်းသမီး တို့ရဲ့ ပရိတ်သတ်တွေအကြား ကြီးမားတဲ့ အငြင်းပွားမှု ပြဿနာကို ဖြစ်စေခဲ့ပါတယ်။ Jeon So min ပရိတ်သတ်တော်တော်များများက
Lee Kwang Soo ရဲ့ Instagram account မှာဘာလို့ Jeon So min ကို unfollow လုပ်ခဲ့တာလဲဆိုပြီးဒေါသတကြီး မှတ်ချက်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။
Jeon So min ပရိတ်သတ်တစ်ချို့ရဲ့ တိုက်ခိုက်မှုကို ခံနေရပေမယ့် Lee Kwang Soo အနေနဲ့ ဘာမှပြန်မပြောပဲ ငြိမ်နေခဲ့တာဖြစ်ပါတယ်။
Running Man မှာပဲ ရယ်စရာ တစ်ချို့ကို ပြုလုပ်တတ်ပေမယ့် အပြင်လက်တွေ့ဘဝမှာ introvert တစ်ယောက်လို နေထိုင်တတ်တဲ့ Lee Kwang Soo ဆီကို ကတောက်ကဆ အနည်းငယ်ရှိလာလို့
Unfollow လုပ်ပစ်တယ်လို့ပဲ ကျွန်တော်တို့ အနေနဲ့မှတ်ချက်ပြုချင်ပါတယ်။
Jeon So min လည်း မကြာသေးမီက Lee Kwang Soo ကို Unfollow လုပ်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

crd.

Leave a Reply