မိသားစုအားလုံးအတွက် ပျော်ရွှင်စရာတွေယူဆောင်လာပေးလို့ ချစ်ဇနီးကိုကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း

Celebrity Local News
မိသားစုအားလုံးအတွက် ပျော်ရွှင်စရာတွေယူဆောင်လာပေးလို့ ချစ်ဇနီးကိုကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိသားစုအားလုံးအတွက် ပျော်ရွှင်စရာတွေယူဆောင်လာပေးလို့ ချစ်ဇနီးကိုကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိသားစုအားလုံးအတွက် ပျော်ရွှင်စရာတွေယူဆောင်လာပေးလို့ ချစ်ဇနီးကိုကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ… မင်းသမီးချောပိုးကြာဖြူခင်ကတော့ သူမအပေါ်ကို နားလည်မှုပေးပြီး ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေပေးနိုင်တဲ့ အမျိုးသားကို အချိန်တိုလေးအတွင်းမှာပဲ မေတ္တာသက်ဝင်ပြီး လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ သူမ အပေါ်အစစအရာရာဖြည့်ဆည်းပြီး ချစ်ခင်ပေးတဲ့ အမျိုးသားရဲ့ အတိတ်ကအကြောင်းအရာတွေကိုလည်း လက်ခံပေးခဲ့ပြီး ကလေးတွေကိုလည်း မိခင်ရင်းတစ် ယောက်လို ချစ်ခင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ပိုးကြာဖြူခင်ရဲ့ အမျိုးသားဟာ ပိုးကြာဖြူ ခင်ကို ပိုင်ဆိုင်ခွင့်ရတာ အရမ်းကိုကံကောင်းပြီး ပျော်ရွှင် ရကြောင်းကို “ချစ်သောအရိပ်ကလေးရေချစ်တယ် ဆိုတာထက်ပိုလေးနက်တဲ့နွေးထွေးမှုတွေနားလည်မှု တွေပျော်ရွှင်စရာတွေမိသားစုအတွက်ယူလာပေးလို့ ကျေးဇူးပါ”ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြော လာပါတယ်။

ပိုးကြာဖြူခင်ကတော့ အခုဆိုရင် သူမရဲ့ဗိုက်ထဲမှာ ကိုယ်ဝန်လည်းလွယ်ဆောင်ထားရပြီမို့ သူမတို့ရဲ့ မိသားစုကြီးဟာ ဒီထက်ကို ပိုပြီး ပျော်ရွှင်ရတော့မှာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။