အနက်ရောင်ချောကလက်က ဆံပင်ကျွတ်ခြင်းအတွက် ဘယ်လိုကူညီနိုင်သလဲ

Health Knowledge
အနက်ရောင်ချောကလက်က ဆံပင်ကျွတ်ခြင်းအတွက် ဘယ်လိုကူညီနိုင်သလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနက်ရောင်ချောကလက်က ဆံပင်ကျွတ်ခြင်းအတွက် ဘယ်လိုကူညီနိုင်သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနက်ရောင်ချောကလက်က ဆံပင်ကျွတ်ခြင်းအတွက် ဘယ်လိုကူညီနိုင်သလဲ

အနက်ရောင်ချောကလက်က ကိုကိုးမှုန့်၊ ကိုကိုးထောပတ်၊ သကြားနဲ့ နွားနို့တွေပါဝင်တဲ့ ချောကလက်ပါ။ အခြားချောကလက်တွေနဲ့ယှဉ်ရင် အနက်ရောင်ချောကလက်က ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ အနက်ရောင်ချောကလက်က ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ပြဿနာတွေကို ကောင်းမွန်လာအောင်ကူညီပေးနိုင်ပါတယ်။

အထူးသဖြင့် အသားရေနဲ့ ဆံပင်တို့နဲ့ပတ်သက်ပြီးတော့လို့ သုတေသနတော်တော်များများက ဆိုထားပါတယ်။ ဆံပင်နဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အလွန်အမင်းဆံပင်ကျွတ်တာတွေရင်ဆိုင်နေရရင် အနက်ရောင်ချောကလက်က ကူညီပေးနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ထားတာတွေရှိပါတယ်။

သုတေသနပညာရှင်တွေက ဘယ်လိုပြောလဲ

ကြွက်တွေနဲ့ စမ်းသပ်ထားတဲ့ သုတေသနပြုချက်တစ်ခုက အနက်ရောင်ချောကလက်နဲ့ ဆံပင်သန်ခြင်းတို့ရဲ့ဆက်စပ်မှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ရလဒ်တချို့ကို ပြသခဲ့ပါတယ်။ အနက်ရောင်ချောကလက်က ကိုကိုးမှုန့် ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်ကို သန်စွမ်းစေနိုင်ပါတယ်။ ကိုကိုးမှုန့်ထဲမှာပါဝင်တဲ့ဓာတ်က ဆံပင်သန်စွမ်းစေတဲ့ အန်နာဂန် (anagen) ကို ဖြစ်ပေါ်စေပါတယ်။ အန်နာဂန်က ဆံပင်အမြှစ်ကနေ ဆံပင်သန်စွမ်းလာအောင် ကူညီပေးတဲ့အရာဖြစ်ပါတယ်။

အနက်ရောင်ချောကလက်က သတ္တုဓာတ်တွေကြွယ်ဝတဲ့အတွက်လည်း ဆံပင်ပါးတဲ့သူတွေကိုလည်း ဆံပင်ထူလာအောင် ကူညီပေးနိုင်ပါတယ်။ ဦးရေပြားကို သွေးစီဆင်းမှုတိုးလာစေတာနဲ့အတူ ဆဲလ်သန်စွမ်းလာစေခြင်းဖြင့် ဆံပင်ကို ပိုပြီးသန်စွမ်းစေပါတယ်။

၁ ဆံပင်မွဲခြောက်ခြင်းကို တိုက်ဖျက်ပေးတယ်

ဆံပင်မွဲခြောက်ခြင်းကို တိုက်ဖျက်ဖို့အတွက် လုပ်ရမှာက အနက်ရောင်ချောကလက်နဲ့ ဆံပင်ပေါင်းဆေးလုပ်ဖို့ပါပဲ။ အနက်ရောင်ချောကလက်တချို့ကို ပျားရည်၊ ဒိန်ချဉ်တို့နဲ့ရောစပ်လိုက်ပြီး ဆံပင်ကို နာရီဝက်လောက် ပေါင်းတင်ပေးပါ။ အဲဒီနောက်မှာ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဆံပင်တောက်ပြောင်နူးညံ့လာတာကို သင် သတိထားမိလာပါလိမ့်မယ်။

၂ ဆံပင်အဖျားခြောက်တာတွေကို ကုသပေးတယ်

ဆံပင်အဖျားခြောက်တွေကို ကုသချင်ရင် အနက်ရောင်ချောကလက်အနည်းငယ်ကို အုန်းဆီနဲ့ ရောစပ်ပြီး ဆံပင်မှာ (၁) နာရီလောက်လိမ်းထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဆံပင်အဖျားခြောက်တာတွေ သက်သာသွားပါလိမ့်မယ်။

၃ ဗောက်တွေကို ဖယ်ရှားပေးတယ်

အနက်ရောင်ချောကလက်အနည်းငယ်ကို ယူပြီး အုန်းဆီ၊ လက်ဖက်စိမ်းတို့နဲ့ ရောစပ်လိုက်ပါ။ လက်ဖက်စိမ်းက ဦးရေပြားကို သန့်စင်စေပြီး အနက်ရောင်ချောကလက်က အုန်းဆီနဲ့အတူ ခြောက်သွေ့တဲ့ဦးရေပြားကို အာဟာရဓာတ်ဖြည့်ပေးမှာဖြစ်တဲ့အတွက်
ဒီအရောနှောက သင့်ဦးရေပြားကို ဗောက်တွေကင်းပြီး သန့်စင်သွားစေမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။