ကမ္ဘာ့အခမ်းနားဆုံး သန့်စင်ခန်း

International News
ကမ္ဘာ့အခမ်းနားဆုံး သန့်စင်ခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အခမ်းနားဆုံး သန့်စင်ခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အခမ်းနားဆုံး သန့်စင်ခန်း

အခု မြင်ရတဲ့ပုံတွေကတော့ ဈေးဝယ်စင်တာတစ်ခုရဲ့ သန့်စင်ခန်း အတွင်းပိုင်းကို ရိုက်ထားတာပါ။ တရုတ်နိုင်ငံ နန်ကျင်းမြို့ Deji Plaza ရဲ့ ၆ လွှာမှာ တည်ရှိပါတယ်။ ရှန်ဟိုင်းမြို့ အခြေစိုက် ဗိသုကာကုမ္ပဏီ X+Living က ဒီဇိုင်းဆွဲပေးထားတာပါ။

သန့်စင်ခန်း လျှောက်လှမ်းတစ်လျှောက်မှာ နံရံအပြင်ဘက်ကနေ တိုးဝင်လာတဲ့ သစ်ပင်တွေ ရှိပြီး လှပတဲ့ မီးဆိုင်းကြီးတွေကြောင့် ကြွေပြားတွေကလည်း တဖိတ်ဖိတ် တောက်ပနေပါတယ်။ သန့်စင်ခန်းထဲမှာ ကျား၊ မ၊ ကလေးငယ်တွေရဲ့ အရပ်အမြင့်နဲ့ ကိုက်ညီမယ့် လက်ဆေးကြွေဇလုံတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ သန့်စင်ခန်း မသွားချင်ပေမဲ့ သူငယ်ချင်းကို အဖော်လိုက်လာပေးသူတွေ ထိုင်လို့ရအောင် ဆိုဖာခုံတွေလည်း ချထားပေးတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း Deji Plaza ရဲ့ သန့်စင်ခန်းက ကမ္ဘာ့အခမ်းနားဆုံး အများပြည်သူ သန့်စင်ခန်းလို့ တင်စားခံနေရတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။