အမေရိကန်-နှင်းမုန်တိုင်းကြောင့် ကားတွေထဲ ပိတ်မိthayဆုံး

International News Local News

အမေရိကန်-နှင်းမုန်တိုင်းကြောင့် ကားတွေထဲ ပိတ်မိthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်-နှင်းမုန်တိုင်းကြောင့် ကားတွေထဲ ပိတ်မိthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အနောက်ပိုင်းမှာ နှင်းမုန်တိုင်းကြောင့် အနည်းဆုံးလူ ၂၈ ယောက်thayဆုံးခဲ့ပါပြီ။ ၂၈ ယောက်ထဲက အများစုဟာ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ကပါ။ အခု ကြောက်မက်ဖွယ်နှင်းမုန်တိုင်းဟာ မြောက်အမေရိကကို ဆက်လက်မွှေနှောက်နေပါတယ်။

တချို့လူတွေဟာ နှင်းမုန်တိုင်းထဲကကားတွေပေါ်မှာ ၂ ရက်ကျော်ကြာပိတ်မိနေခဲ့ကြတယ်လို့ နယူးယောက်ပြည်နယ် အရာရှိကထုတ်ဖော်ပြောပါတယ်။ သူတို့ဘဝသက်တမ်းတလျှောက်မှာ ဒါဟာ အဆိုးရွားဆုံးနှင်းမုန်တိုင်းဖြစ်ပါတယ်။

နယူးယောက်ပြည်နယ် အစိတ်အပိုင်းအနှံ့အပြားမှာ နောက်ထပ်နှင်းထု ၉ လက်မ ဒီနေ့ အင်္ဂါနေ့မှာ ထပ်ကျလိမ့်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ နှင်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုကနေ ကနေဒါ၊ မက္ကဆီကို နယ်ခြားအထိ ပြန့်ကား ကျယ်ပြောသွားပြီး thayဆုံးသူအရေအတွက်ဟာလည်း စုစုပေါင်း ၅၆ ယောက်ထက်မနည်း ရှိသွားပါပြီ။

သမ္မတဂျိုးဘိုင်ဒန်က အရေးပေါ်အခြေအနေ အတည်ပြု ကြေညာပေးလိုက်တဲ့အတွက် နယူးယောက်ပြည်နယ်ဟာ ဖက်ဒရယ်ပြည်ထောင်စု အစိုးရရဲ့ ထောက်ပံ့ကူညီမှုရပါမယ်။

ခရစ္စမတ်ရုံးပိတ်ရက်မှာ ချစ်ခင်ရသူတွေကို ဆုံးရှုံးကြသူတွေနဲ့ထပ်တူခံစားမိပါတယ် လို့သမ္မတဂျိုးဘိုင်ဒန်ကဆိုပါတယ်။

အမည်မဖော်လိုတဲ့ အရှေ့ဘတ်ဖဲလိုးက မိသားစုပိုင်စျေးဆိုင်လေးတဆိုင်ရဲ့ ပိုင်ရှင်က ခရစ္စမတ်နေ့မှာပဲ သူ့ကုန်စုံဆိုင်ကို ဖောက်ထွင်းခံလိုက်ရတယ်လို့ဆိုပါတယ်။

“သူတို့အကုန်မသွားတယ်။ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စပီကာတွေ အကုန်ပဲ” လို့သူကဆိုပါတယ်။

အခိုးခံရတဲ့ ပစ္စည်းတန်ကြေးဟာ ဒေါ်လာ ၅ သောင်းလောက်ရှိလိမ့်မယ်လို့ သူကခန့်မှန်းပါတယ်။ ရဲကိုခေါ်တော့လည်း နှင်းမုန်တိုင်းကြောင့် သက်ကြီးရွယ်အိုတွေကို ကယ်ဆယ်နေရလို့ သိပ်အလုပ်များနေတယ်လို့ ဆိုပါတယ်။

အမှောင်ထုကြီးရဲ့အဆုံးမှာ အလင်းရောင်လေး ရေးရေးရှိနေတာကို မြင်နေရပါပြီ။ ဒါပေမဲ့အမှောင်ထုကြီးက အဆုံးမသတ်သေးပါဘူးလို့ အီးရီနယ်မြေရဲ့ အကြီးအကဲ မာ့က်ပိုလွန်ကာ့ဇ်က ဆိုပါတယ်။ အီးရီနယ်မြေအတွက် အခုမှအစပိုင်းပဲရှိသေးတယ်လို့ သူကသတိပေးပါတယ်။ ဒါဟာ မျိုးဆက်တဆက်မှာ တခါကြုံခဲလှတဲ့ နှင်းမုန်တိုင်းမျိုးလို့လည်း သူကဆိုပါတယ်။

thayဆုံးသူအများဟာ နှင်းမုန်တိုင်းကြောင့်ခိုက်ခိုက်တုန်ချမ်းအေးနေစဉ်မှာ နှလုံးဖောက်ပြီးthayဆုံးကြတာလို့ ဆေးဘက်ဝန်ထမ်းတွေကို ကိုးကားပြီး မာ့က်ပိုလွန်ကာ့ဇ်ကဆိုပါတယ်။ အဲဒီထဲကတချို့ဟာ နှင်းခဲပြီးကားပေါ်ပိတ်မိနေစဉ်မှာ thayဆုံးခဲ့ကြတာပါ။

ပြည်နယ်အုပ်ချုပ်ရေးမှူးကေသီဟိုချူးကတော့ စစ်မက်ဇုန်တခုလိုပါပဲ။ လမ်းပေါ်မှာ မော်တော်ကားတန်းကြီးပိတ်မိနေပုံဟာလည်း တုန်လှုပ်ခြောက်ခြားစရာကြီးပါလို့ ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးကားအများအပြားဟာလည်း နှင်းမုန်တိုင်း အဆိုးဆုံးကျရောက်နေတဲ့နေရာတွေကို ရောက်အောင် မသွားနိုင်ကြပါဘူး။ တချို့ကယ်ဆယ်ရေးကားတွေဆိုရင် သူတို့ကိုယ်တိုင်ပိတ်မိနေလို့ သူတို့ကို ပြန်ကယ်ရမလို ဖြစ်နေပါတယ်။

အွန်တေရီယိုမှာ နှင်းခဲဖုံးနေတဲ့ လူနေအိမ်

မိသားစုတစုမှာဆိုရင် အသက် ၂ နှစ်ကနေ ၆ နှစ်အထိငယ်ရွယ်တဲ့ ကလေးတွေအပါအဝင် နှင်းမုန်တိုင်းမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးတွေ ရောက်လာချိန်ကို ၁၁ နာရီကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ ခရစ္စမတ်မနက်စောစောရောက်မှ သူတို့ကယ်ဆယ်ရေးနဲ့ဆုံခဲ့ရပါတယ်။

“တကယ်ဆို ကျွန်တော်ဟာ မျှော်လင့်ချက်တောင်ကုန်သလောက်ရှိခဲ့ပါပြီဗျာ” လို့ဖခင်ဖြစ်သူ ဇီလာဆန်တီယာဂိုက စီဘီအက်စ် သတင်းဌာနကိုပြောပါတယ်။

သူဟာ အအေးဒဏ်ကို ခုခံဖို့အတွက် မော်တော်ကားစက်ကိုတောက်လျှောက်နှိုးထားသလို ကလေးတွေ သောကမေ့ပျောက်နိုင်ဖို့ ဂိမ်းကစားခိုင်းထားခဲ့တယ်လို့ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေ မတွေ့သေးတဲ့ နောက်ထပ်thayဆုံးသူတွေလည်း ရှိလိမ့်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ နှင်းတွေပျော်ပြီး ပိတ်မိနေတဲ့ကားတွေကို ထပ်ရှာတွေ့ချိန်၊ ဝေးလံခေါင်ဖျားက လက်လှမ်းမမီသေးတဲ့ အိမ်တွေဆီရောက်နိုင်တဲ့အချိန်ကျရင် စိတ်မကောင်းစရာ ဇာတ်လမ်းတွေကို ထပ်သိရနိုင်သေးတယ်လို့ ယူဆထားကြတာပါ။

ဆိုင်ကလုန်းနှင်းဗုံးဖြစ်ပေါ်ပုံအဆင့်ဆင့်

ဒီလိုဆောင်းရာသီဆိုင်ကလုန်းနှင်းမုန်တိုင်းဟာ ပတ်ဝန်းကျင်လေထုဖိအားကို ရုတ်တရက်ထိုးဆင်းကျသွားစေတတ်ပါတယ်။ လေဖိအားကျသွားတဲ့အတွက် နှင်းနဲ့လေပြင်းဟာ အရှိန်အဟုန်နဲ့ တိုးဝင်လာပါတယ်။ နောက်ထပ် ရက်အနည်းငယ် ကြာရင် နည်းနည်းသက်သာသွားမယ်လို့ ရာသီဥတုခန့်မှန်းသူတွေက ဆိုကြပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲ ခရီးမထွက်ကြပါနဲ့လို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့စနေတနင်္ဂနွေရက်တွေမှာ လူနေအိမ်နဲ့ စီးပွားရေးလပ်ငန်း ၂ သိန်းခွဲဟာ လျှပ်စစ်မီးပြတ်တောက်ပြီး အမှောင်ကျခဲ့ပါတယ်။ ဗားမောင့်၊ အိုဟိုင်းယိုး၊ မစ်ဆူရီ၊ ဝစ္စကွန်ဆင်၊ ကန်းဆတ်စ်၊ ကော်လိုရာဒိုတို့မှာလည်း နှင်းမုန်တိုင်းကြောင့် thayသူတွေ ရှိကြပါတယ်။ တောင်ပိုင်းဖလော်ရီဒါပြည်နယ်မှာဆိုရင် အပူချိန်ထိုးကျဆင်းသွားလို့ သစ်ပင်တွေပေါ်က ပုပ်သင်ညိုတွေတောင် အေးခဲပြုတ်ကျthayဆုံးကြပါတယ်။

အမေရိကန်အနောက်ပိုင်း မွန်တာနာပြည်နယ်ဟာလည်း အအေးမိခံရတဲ့ အဆိုးဆုံးပြည်နယ်တခုပါ။ အပူချိန်ဟာ အနုတ် ၄၅ ဒီဂရီစင်တီဂရိတ်အထိရှိပါတယ်။

ကနေဒါအလယ်ပိုင်းပြည်နယ်အွန်တေရီယိုနဲ့ အရှေ့မြောက်ပိုင်းကဘက်တို့ဟာ နှင်းမုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားကြရပါတယ်။ အွန်တေရီယိုမှာ အရေးပေါ် အခြေအနေကြေညာထားပြီး လမ်းတွေမပိတ်အောင် နှင်းတောရှင်းထားဖို့ ညွှန်ကြားထားပါတယ်။

အွန်တေရီယိုမှာလည်း ကားတွေအများအပြား နှင်းထဲမှာ ပိတ်မိနေတယ်လို့ သတင်းပေးပို့ချက်တွေရထားပါတယ်။ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာဒေသထဲက မဲရစ်မြို့နားမှာ နှင်းခဲလမ်းပေါ် ဘတ်စ်ကားတိမ်းမှောက်ခဲ့တဲ့အတွက် ၄ ဦးthayဆုံးခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။