ဆင်းရဲလှတဲ့ ဇင်ဘာဘွေနိုင်ငံသား UFC ဖိုက်တာတစ်ယောက်ကို အိမ်သစ်တစ်လုံးဝယ်ပေးလိုက်တဲ့ The Rock

Celebrity International News
ဆင်းရဲလှတဲ့ ဇင်ဘာဘွေနိုင်ငံသား UFC ဖိုက်တာတစ်ယောက်ကို အိမ်သစ်တစ်လုံးဝယ်ပေးလိုက်တဲ့ The Rock

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆင်းရဲလှတဲ့ ဇင်ဘာဘွေနိုင်ငံသား UFC ဖိုက်တာတစ်ယောက်ကို အိမ်သစ်တစ်လုံးဝယ်ပေးလိုက်တဲ့ The Rock ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆင်းရဲလှတဲ့ ဇင်ဘာဘွေနိုင်ငံသား UFC ဖိုက်တာတစ်ယောက်ကို အိမ်သစ်တစ်လုံးဝယ်ပေးလိုက်တဲ့ The Rock

The Rock ကတော့ UFC မှာထိုးthetနေတဲ့ ဇင်ဘာဘွေဖိုက်တာ Themba Gorimbo ကို အိမ်သစ်တစ်လုံးဝယ်ပေးလိုက်ပါတယ်။ Themba ဟာ ဇင်ဘာဘွေနိုင်ငံက ဆင်းရဲသားတစ်ယောက်ပါ။ အမေက သူ့အသက် ၉နှစ်အရွယ်မှာဆုံးသွားပြီး သူ့အသက် ၁၃နှစ်အရွယ်မှာ အဖေက ထပ်ပြီးဆုံးပါးသွားပါတယ်။ အဲ့တာနဲ့ အသက် ၁၆မှာ တရားမဝင်စိန်တူးတယ်။ စိန်တူးရင်းနဲ့ စိန်ရတယ်။ စိန်ရတော့လဲ ကံဆိုးစွာနဲ့ ရဲအဖမ်းခံလိုက်ရပါတယ်။

အသက် ၂၂နှစ်အရွယ်မှာ MMA ပွဲတွေစထိုးပါတယ်။ MMA record ကတော့ ၁၁ပွဲနိုင် ၄ပွဲရှုံးပါ။ အခုတော့ UFC မှာ ထိုးthetနေပြီး ၁ပွဲနိုင် ၁ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ဇာတိမြေ ဇင်ဘာဘွေမှာ ရေသန့်စင်စက်ဝယ်ဖို့အတွက် UFC မှာထိုးခဲ့တဲ့ပွဲတွေက အသုံးအဆောင်ပစ္စည်းကိုလဲ လေလံတင်ရောင်းချခဲ့ပါတယ်။ သူကိုယ်တိုင်ဝင်ငွေမကောင်းသေးပေမဲ့ ရတဲ့ငွေတွေကို သူ့ဇာတိတိုးတက်ဖို့အတွက် အသုံးပြုပေးနေသူပါ။

The Rock ကြီးကတော့ « Themba Gorimbo ရေ မင်းနဲ့မင်းမိသားစု အိမ်အသစ်ကြီးမှာ ပျော်ရွှင်ပါစေကွာ။ မီးလဲအဆင်သင့်ပဲ။ ဘေလ်လဲဆောင်ထားပြီးသား။ မင်းရဲ့ မွေးရပ်ဇာတိက ပြည်သူတွေကိုလဲ သေချာဂရုစိုက်ပေးလိုက်ပါ။ မင်း ၇ဒေါ်လာနဲ့ ရှေ့ဆက်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ငါရဲ့ဘဝအစကလဲ မင်းလို ၇ဒေါ်လာနဲ့ စခဲ့ရတာပါ။ တစ်နေ့ UFC မှာ ချန်ပီယံဖြစ်ချင်တဲ့ မင်းရဲ့ဆန္ဒတွေကို ဆက်လက် အကောင်အထည်ဖော်ကြစို့ကွာ။ » ဆိုပြီးပြောကြားခဲ့ပါတယ်။

ရေးသားသူ –MMA – KZH

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။