ရန်ကုန် ၁ဝ၈ သိန်းတန် ညစာ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

Local News
ရန်ကုန် ၁ဝ၈ သိန်းတန် ညစာ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန် ၁ဝ၈ သိန်းတန် ညစာ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန် ၁ဝ၈ သိန်းတန် ညစာ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတခု ကတော့ ရန်ကုန်က ဂျပန်စားသောက်ဆိုင်တခုမှာ လူ ၇ ယောက်စားပြီး ၁၀၈ သိန်းကျော် ရှင်းလိုက်ရတဲ့ အဖြစ် အပျက်ပဲ ဖြစ်ပါတယ်။ Soe Sandar Aye အကောင့် ပိုင်ရှင်ရဲ့ ရေးသားမှုကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ “ရန်ကုန်မှာ ဆိုင်တခုခုဝင်ရင် ဈေးမေးပြီးမှစားရတော့ မယ် ဒီနေ့မူဆယ်ကလာတဲ့ သူငယ်ချင်းတွေကို ဂျပန်စာ လိုက်ကျွေးတာ 2971$ သိန်း108 ကျော် မမေးမိတဲ့အမှား၊ တသက်လုံးစားဖူးတဲ့ထဲက ဈေးအကြီးဆုံးညစာ၊ တော်သေးတာပေါ့ Banking ထဲမှာ ပိုက်ဆံလေးရှိနေလို့”

အဆိုပါ ဖြစ်စဉ်မှာ အစားအသောက်က စုစုပေါင်း ၆၈၄ ဒေါ်လာပဲ ကုန်ကျပြီး ဝိုင် ၂ လုံးက တလုံးကို ဒေါ်လာ ၉၅၀ ဖြစ်တာကြောင့် စုစုပေါင်း ၂၉၇၁ ဒေါ်လာ ရှင်း လိုက် ရတာ ဖြစ်ပါတယ်။ ဒေါ်လာ ငွေလဲနှုန်းကို တဒေါ်လာ ၃၆၅၀ နဲ့ တွက်လိုက်တာကြောင့်လည်း ၁၀၈ သိန်းကျော် ရှင်းလိုက်ရတာ ဖြစ်ပါတယ်။ ပို့စ်ပိုင်ရှင် ကတော့ ဈေးမေးပြီးမှ စားကြဖို့အတွက် သတိပေးထား ပါတယ်။

ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေချိန်မှာ သုံးနိုင် ဖြုန်းနိုင်တဲ့သူတွေကို လူမှုကွန်ရက် အသုံးပြုသူ များက ဝေဖန်လျက်ရှိပြီး ရန်ကုန်ရောက်ရင် ဘယ်ဆိုင်ပဲ ဖြစ်ဖြစ် ဈေးမေးပြီးမှ စားကြဖို့ အချင်းချင်းသတိပေးနေကြပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။