တမှေးအိပ်ချင်သူတွေအတွက် မတ်တပ်အိပ်ပေါင်းချောင်ကို ဂျပန်ကုမ္ပဏီ တီထွင်

International News Tech
တမှေးအိပ်ချင်သူတွေအတွက် မတ်တပ်အိပ်ပေါင်းချောင်ကို ဂျပန်ကုမ္ပဏီ တီထွင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တမှေးအိပ်ချင်သူတွေအတွက် မတ်တပ်အိပ်ပေါင်းချောင်ကို ဂျပန်ကုမ္ပဏီ တီထွင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တမှေးအိပ်ချင်သူတွေအတွက် မတ်တပ်အိပ်ပေါင်းချောင်ကို ဂျပန်ကုမ္ပဏီ တီထွင်

ဂျပန်မှာ အလုပ် အလွန်အကျွံလုပ်ပြီး စိတ်ဖိစီးမှုများလို့ thayဆုံးရတာကို ခရိုရှီလို့ ခေါ်ကြတယ်။ ဂျပန်တွေက အလုပ် အရမ်းလုပ်ကြတယ်။ ကျန်းမာရေး ထိခိုက်ရုံတင်မက အသက်ဆုံးရှုံးရတဲ့အထိ အလုပ်လုပ်ကြတယ်။ နောက်ပိုင်းကျတော့ ဂျပန်မှာ တမှေးအိပ်ပြီး အားဖြည့်တဲ့ အလေ့အထဖြစ်လာတယ်။ လုပ်ငန်းခွင်မှာ တမှေးအိပ်နိုင်ဖို့အတွက် ဂျပန်ကုမ္ပဏီတစ်ခုက The Giraffenap ဆိုတဲ့ မတ်တပ်အိပ်ပေါင်းချောင်ကို ထွင်လိုက်တယ်။

ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေမှာပါ ထားလို့ရစေဖို့ (နေရာအကျယ်အဝန်း သိပ်မလိုအောင်) မတ်တပ်အိပ်ပေါင်းချောင်ကို ထွင်ခဲ့တာပါ။ အိပ်တဲ့အခါမှာလည်း ခန္ဓာကိုယ်ဟန်ချက် မှန်စေဖို့ ဦးခေါင်း၊ တင်ပါး၊ ခြေသလုံးနဲ့ ခြေထောက်တွေကို ထောက်ကူပေးထားပါတယ်။ အနိမ့်၊အမြင့် ချိန်လို့ရသလို နှိုးစက်ပေးတဲ့စနစ်လည်း ရှိပါတယ်။

အထဲဝင်တာနဲ့ အိပ်ချင်စိတ်ဖြစ်စေတဲ့ အသံတွေလည်း ထည့်သွင်းထားပြီး လေဝင်၊ လေထွက်ကောင်းမွန်စေတဲ့ ventilation system လည်း ရှိပါတယ်။ အဖြူရောင်အကာ၊ ဝါးအကာဆိုတဲ့ ပုံစံ ၂ မျိုးရှိပြီး ဂျပန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေမှာ စတင် အသုံးပြုနေကြပါပြီ။ သစ်ကုလားအုတ်တွေ မတ်တပ်အိပ်တာကို အစွဲပြုပြီး မတ်တပ်အိပ်ပေါင်းချောင်ကို Giraffenap လို့ အမည်ပေးထားတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။