အတိတ်ကံကြောင့် ညံ့နေသူများအတွက်ကံကြွေးချေ ဆုတောင်းနည်း

Astrology Religion
အတိတ်ကံကြောင့် ညံ့နေသူများအတွက်ကံကြွေးချေ ဆုတောင်းနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အတိတ်ကံကြောင့် ညံ့နေသူများအတွက်ကံကြွေးချေ ဆုတောင်းနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အတိတ်ကံကြောင့် ညံ့နေသူများအတွက်ကံကြွေးချေ ဆုတောင်းနည်း
“ကံချေ ကန်တော့ခြင်း”
သံဗုဒ္ဓေသည်းခြေဂါထာတော်

အဋ္ဌဝီသတိ သံဗုဒ္ဓေ မမ ပုရတော အာဂစ္ဆန္တု၊
ပဉ္စ ဗုဒ်ဓါ မဟာတေဇာ မမ သိသေ နိစ္စေ ဌိတာ။(၃)ခေါက်

အဋ္ဌဝီသန် သုံးပါးဘ၀ သုံးလောကတွင်ဉာဏရောင်ဖိတ် အောင်ဘိသိက်ဖြင့် ပွင့်တော်မူပြီးကြကုန်သော သံဗုဒ္ဓေစ တန်ဆောင်ပမာဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိအပေါင်းတို့သည်၊မေ မမ ဘုရား တပည့်တော်၏ ပုရတော ရှေ့ရပ်ဒီသာ ဤဝိဟာရ၌ ရွှင်ပြုံးစံပါယ် သီတင်းသုံးတော်မူကြပါကုန် အရှင်မြတ်အပေါင်းတို့ဘုရား….။

ကောက္ကသန်ဂုံ ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါတမ လေးဆူကုန်သော သဗ္ဗညုထွဋ်ထား ၊ ရှင်တော်မြတ်များနှင့် တကွ အရိမေတ္တယျ ဘုရားလောင်းတော်နတ်သား၏ တန်းခိုး
တေဇော် မေတ္တာတော် ၊ ကရုဏာတော် အစုံတို့သည်လည်း မေ မမ ဘုရားတပည့်တော်၏ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌ ကိန်းဝပ်စံပယ် သီတင်းသုံး ရွှင်ပြုံးစွာဖြင့် အလှူခံယူတော်မူကြပါဘုရား….။

ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ ပါရမီတော်အနန္တ စကြာဝဠာကမ္ဘာမြေမိုးဖျန်းဖျန်းကျိုးမျှ တန်ခိုးတော် အနန္တအပေါင်းတို့နှင့် ပြည့်စုံတော်မူပေတတ်ထသော
*ဘုရားတည်းဟူသော အမြတ်ဆုံးရတနာ
*တရားတည်းဟူသော အမြတ်ဆုံးရတနာ
*သံဃာတည်း ဟူသော အမြတ်ဆုံးရတနာ

ထိုရတနာတော် မြတ်သုံးပါး နှင့် နန္တာအနန္တငါးပါး၊ခင်ပွန်းကြီးဆယ်ပါးဂိုဏ်းဝင်ကျေးဇူးရှင် ဟူသမျှတို့နှင့် အတူတကွ ဘုရားတပည့်တော်၏ ဖခင် ဦး———— နှင့်ဘုရားတပည့်တော်၏ မိခင် ဒေါ်———— ကို ဦးထိပ်ထား၍ နုမာငါးရာရင့်မာတစ်ကျိပ် အလောင်းတော်မြတ် အပေါင်းတို့ နှင့် အတူ (———–) (ဤကွက်လပ်နေရာတွင် မိမိအထူးပြုလိုသူ များထည့်သွင်းနိုင်သည်)

သီလဝန္တပုဂ္ဂိုလ် ၊ ပညာ၀န္တပုဂ္ဂိုလ် ၊ ဂုဏ၀န္တပုဂ္ဂိုလ် ဟုဆိုအပ်သော မပြစ်မှားသင့်၊ မပြစ်မှားအပ်သော လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ဝေနေယျအပေါင်းတို့အပေါ်တွင် ဘုရားတပည့်တော်သည် ကာယကံ၏ ပြစ်မှားခြင်း၊ ဝစီကံ၏ ပြစ်မှားခြင်း၊ မနောကံ၏ ပြစ်မှားခြင်းတို့ဖြင့် ကြိမ်ဖန်များစွာ ကျူးလွန်ပြစ်မှား စော်ကားမိခဲ့ပါသည် ။

ဤ အပြစ်တို့သည် သာမန် လောကီအကျိုးစီးပွားကို မဆိုထားဘိ မဂ်ဖိုလ်ကိုပင် တားဆီးနိုင်ကြောင်းသိမြင်မိပါသည်။ သို့ဖြစ်၍ ထိုအပြစ်တို့ မှခွင့်လွှတ်ကျေအေးပပျောက်ရပါစေခြင်း အကျိုးငှာ ဤမည်သော(————)( မိမိဘုရားလှူသော လှူဖွယ်များကို ဤနေရာတွင် ဖြည့်ပါ ) တို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ကန်တော့လျက် ကာယ ၀စီ မနောချီပြီး သုံးလီဒွါရ ပဏမဖြင့် ဦးချညွှတ်ကျိုး မာန်ကိုချိုး၍ တောင်းပန်၀န်ချ ကန်တော့အပ်ပါသည် အရှင်မြတ်အပေါင်းတို့ဘုရား….။

နှုတ်ကျွံစကားကျွံများရှိခဲ့ပါကလည်းဝန်ချတောင်းပန်ပါ၏။ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် ဘုရားတပည့်တော်၏ပြစ်မှားမိခြင်းကြောင့် ကျရောက်ခံစားနေရဆဲဖြစ်သော ကျရောက်ခံစားရန်ရှိသော အပြစ် ၊ ဘေးဒဏ် ၊ ရန် ၊ မာန်အပေါင်းတို့သည် ပိန်းကြာဖက်ပေါ်တွင် ရေမတင် သကဲ့သို့ ကင်းစင်ခွင့် လွင့်ပျောက်ခွင့် ကျေအေးခွင့်ကို ပြုပေးသနားတော်မူကြပါကုန် အရှင်မြတ်အပေါင်းတို့ဘုရား…။

ဘုရားတပည့်တော်အပေါ်၌လည်း သိလျက်နှင့်ဖြစ်စေ ၊မသိဘဲနှင့်ဖြစ်စေ ကျူးလွန်ပြစ်မှားစော်ကားခဲ့မိသူများ ရှိခဲ့ပါမူ အပြစ်ဟူ၍မြူမျှမယူ ခွင့်လွှတ်ပါ၏ အရှင်မြတ် အပေါင်းတို့ဘုရား…။…..

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။