2ယောက်တွဲဓာတ်ပုံတွေထွက်လာပြီးနောက်မှာ ချစ်သူတွေဖြစ်နေတာသေချာသလောက်ဖြစ်သွားတဲ့ ရတနာဗိုလ်နှင့် ရှိန်းတင်ထွန်း

Celebrity Local News
2ယောက်တွဲဓာတ်ပုံတွေထွက်လာပြီးနောက်မှာ ချစ်သူတွေဖြစ်နေတာသေချာသလောက်ဖြစ်သွားတဲ့ ရတနာဗိုလ်နှင့် ရှိန်းတင်ထွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 2ယောက်တွဲဓာတ်ပုံတွေထွက်လာပြီးနောက်မှာ ချစ်သူတွေဖြစ်နေတာသေချာသလောက်ဖြစ်သွားတဲ့ ရတနာဗိုလ်နှင့် ရှိန်းတင်ထွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

2ယောက်တွဲဓာတ်ပုံတွေထွက်လာပြီးနောက်မှာ ချစ်သူတွေဖြစ်နေတာသေချာသလောက်ဖြစ်သွားတဲ့ ရတနာဗိုလ်နှင့် ရှိန်းတင်ထွန်း

ပရိသတ်ကြီးရေ… မင်းသမီးချောလေးရတနာဗိုလ်ကတော့ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ယခု ဇာတ်လမ်းတွဲခေတ်မှာလည်း သူမရဲ့ခေတ်လို့ ဆိုရ လောက်အောင် ဇာတ်လမ်းတွဲတွေတစ်ခုပြီးတစ်ခု ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။ ရှိန်းတင်ထူးဟာ လည်း မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ တက်သစ်စမင်းသားတစ်လက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ရတနာဗိုလ်နဲ့ ရှိန်းတင်ထူးတို့ ဟာ နိုင်ငံခြားခရီးစဉ်တစ်ခုကို သွားခဲ့ပြီး အသီးသီး ဓာတ်ပုံတွေတင်ခဲ့ရာ ပရိသတ်တွေက သူတို့ရောက်ရှိနေ တဲ့နေရာနဲ့ အချိန်ကိုကြည့်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရိပ်မိခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာ တော့ ရှိန်းတင်ထူးနဲ့ ရတနာဗိုလ်တို့ရဲ့ နှစ်ယောက်တည်း သိတဲ့ ဓာတ်ပုံအချို့က ပျံ့နှံ့လာခဲ့တာကြောင့် အဆိုပါ ဓာတ်ပုံတွေဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအတည်ပြုသလိုဖြစ်လာတာပဲဖြစ်ပါတယ်။

ရတနာဗိုလ်နဲ့ ရှိန်းတင်ထူးတို့ဟာ ဦးထုပ်လိုမျိုး အသုံးအဆောင်ပစ္စည်းတွေကိုလည်း အတူတူသုံးစွဲကြတာကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာသူငယ်ချင်းအဆင့်ထက်ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ရတနာဗိုလ်နဲ့ ရှိန်းတင်ထူးတို့ ကတော့ သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာကိုမှဖွင့် ဟဝန်ခံခြင်းမရှိသေးသလို ရှင်းလင်းပြောဆိုခြင်းလည်း မရှိသေးပါဘူး။


ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။