မွေးနေ့ နေ့နံအလိုက်အချစ်ရေးကံကြမ္မာ

Astrology
မွေးနေ့ နေ့နံအလိုက်အချစ်ရေးကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မွေးနေ့ နေ့နံအလိုက်အချစ်ရေးကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မွေးနေ့ နေ့နံအလိုက်အချစ်ရေးကံကြမ္မာ
တနင်္ဂနွေ

ရည်းစားရဖို့ ဘယ်တော့မှအောက်ကျမခံဘူး ။ သေလောက်အောင်ချောနေ လန်ထွက်နေပါစေ ။ သဲသဲလှုပ် ချစ်မပြတတ်ဘူးကိုယ်က ချစ်တဲ့သူထက် ကိုယ့်ကို ချစ်တဲ့သူနဲ့ပဲ ဖူးစာပါရော ။

တနင်္လာ

သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက်ရတတ်တယ် ။ အဲ့ချစ်သူက အနိုင်ယူတာ ခဏခဏ ငိုအောင် စိတ်ညစ်အောင် လုပ်တာကြုံရတတ်တယ်။ဒါပေမယ့်အဲ့ချစ်သူကပဲ သင့်ကို သစ္စာရှိရှိ ချစ်မယ့်သူ ဆိုတာမမေ့နဲ့ ။

အင်္ဂါ

အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်တယ်။ စန်းပွင့်ပြီးလူချစ်လူခင် ပေါတယ် ။ အသေရရ အရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။ တကယ်တမ်း အချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာကိုယ်ကိုယ်တိုင်ပဲ သိတယ် ။

ဗုဒ္ဓဟူး

မာနကြီးတယ် ။ ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး ။ ချစ်ပြီဆို တစ်ဘဝလုံးစာ ~ မုန်းပြီဆိုရင်လည်း သံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး ။

ရာဟု

ကတိတစ်ခုကို တည်မှကြိုက်တယ် ။ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားကြတယ် ။ ချစ်သူသက်တမ်း ကြာရှည်စွာဖြတ်သန်းရတတ်တယ် ။ ပျော်ရွှင်စရာတွေ ဖန်ဆင်းပေးတတ်တဲ့ ချစ်သူကြောင့် ဘဝတစ်လျှောက်ရင်ခုန်သံတွေ ဆူညံနေရလိမ့်မယ် ။

ကြာသပတေး

သာယာတယ်လေ ။ သိပ်ချစ်ပြတာ ကိုယ့်ဘက်က..ပြန်ရတယ်လေ ။ နောင်တတွေ အပြုံလိုက်။ ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့မျက်ရည်တွေ ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တယ် ။ ဒါလည်း မှတ်လားမေးကြည့်လိုက်ပါဦး ။

သောကြာ

ဘယ်လိုနေနေ လှနေရော ။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့အားသာချက် လက်နက်ပဲ ။ အဲ့အပြုံးကို မြင်လိုက်ရတဲ့သူတိုင်းသေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်က ပြင်းတယ် ။ လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူက ရက်စက်စွာဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ် ။

စနေ

ချစ်မယ့်သူတွေ ပေါတယ် ။ ချောမောလှပတဲ့သူတွေ ဖြစ်ပေမယ့်ရည်းစားဆို ကိုယ့်ထက်ပိုချောတဲ့သူ မရတတ်ကြဘူး ။ အထူးခြားဆုံးက အသံ ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ ပဲ ။ ကိုယ့်ထက် အသက်ပိုကြီးတဲ့”ကွီး/မွီး”တွေက အသေအလဲကြွေခြင်း ခံရတတ်တယ် ။ မျက်ရည် အကျမလွယ်တတ်ဘူး ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။