မကြာခဏလက်ဆေးခြင်းကြောင့်ဖြစ်တဲ့ လက်ခြောက်သွေ့ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

Health Knowledge
မကြာခဏလက်ဆေးခြင်းကြောင့်ဖြစ်တဲ့ လက်ခြောက်သွေ့ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မကြာခဏလက်ဆေးခြင်းကြောင့်ဖြစ်တဲ့ လက်ခြောက်သွေ့ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မကြာခဏလက်ဆေးခြင်းကြောင့်ဖြစ်တဲ့ လက်ခြောက်သွေ့ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

သင့်လက်တွေကို Moisturiser ဘယ်လောက်လိမ်းလိမ်း လက်တွေက ခြောက်သွေ့နေတုန်းပဲလား။ ရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေးဆေး၊ လက်သန့်ဆေးရည်သုံးသုံး အခုချိန်မှာ အရင်ကထက် လက်တွေက ပိုခြောက်သွေ့မှာဖြစ်ပါတယ်။ တချို့လူတွေဆိုရင် လက်ခြောက်သွေ့တာတင်မဟုတ်ဘူး၊ အရေခွံတောင်ကွာကြပါတယ်။

ဒါကြောင့် ခြောက်သွေ့နေတဲ့လက်တွေကို သက်သာသွားစေမယ့် သဘာဝနည်းလမ်း၊ အိမ်တွင်းနည်းလမ်းတွေရှိပါတယ်နော်။ လက်ခြောက်သွေ့တာဖြစ်နေရင်တော့ အောက်မှာဖော်ပြပေးထားတဲ့နည်းလမ်းတွေကို လိုက်လုပ်ကြည့်လို့ရပါတယ်နော်..။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အသားရေအတွက် အကျိုးကျေးဇူးများစွာရှိတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဒါက အသားရေကို အေးမြမှုကို ပေးစွမ်းပြီး အသားရေနူးညံ့စေပါတယ်။ ရှားစားလက်ပက်ဂျယ်လ်ကို စတိုးဆိုင်တွေမှာ အလွယ်တကူရနိုင်သလို အိမ်မှာအပင်ရှိရင်လည်း ရှားစောင်းလက်ပက်ကို လတ်လတ်ဆတ်ဆတ်တောင် သုံးလို့ရနိုင်ပါတယ်။ ရှားစောင်းလက်ပက်က သဘာဝအလျောက် အသားရေကို ရေဓာတ်ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ခြောက်သွေ့နေတဲ့လက်တွေကို ရှားစောင်းလက်ပက်ဂျယ်လ်ကို လိမ်းပေးမယ်ဆိုရင် ခြောက်သွေ့တာသက်သာသွားပါလိမ့်မယ်။

Petroleum Jelly

သတ္ထုဓာတ်ပါဝင်တဲ့ Petroleum Jelly ကို moisturizer အဖြစ် အသုံးပြုကြပါတယ်။ Varsaline က ထုတ်တဲ့ အပြာရောင်ဗူးလေးဆိုရင် အသားရေအတွက် လူတော်တော်များများအသုံးပြုကြပါတယ်။ Petroleum Jelly က အသားရေအတွက် အံ့သြလောက်စရာဂုဏ်သတ္တိတွေပေးစွမ်းပါတယ်။ သဘာဝအဆီအနှစ်တွေနဲ့ပြည့်နေတဲ့အတွက် ခြောက်သွေ့နေတဲ့လက်တွေကို နူးညံ့သွားစေမှာပါ။ လက်ခြောက်သွေ့တာသက်သာသွားဖို့ဆိုရင် Petroleum Jellyကို လိမ်းပေးလို့ရပါတယ်။

လက်အိတ်ဝတ်တာ

လက်ခြောက်သွေ့တာတွေ အရမ်းမဆိုးသွားဖို့အတွက် အိမ်မှုကိစ္စတွေလုပ်တဲ့အခါမှာ ရာဘာလက်အိတ်ကိုဝတ်ဆင်သင့်ပါတယ်။ ဒါက အလွယ်ကူဆုံးနည်းပါပဲ။ လက်တွေက ရေနဲ့ထိတွေ့တာများရင် အသားရေတွေက ခြောက်သွေ့လာရပါတယ်။ ရေက အသားရေရဲ့သဘာဝအဆီအနှစ်တွေကိုဖယ်ရှားပစ်သလိုဖြစ်စေတဲ့ အတွက်ကြောင့်ပါ။ လက်အိတ်ဝတ်ဆင်တာက သင့်လက်တွေကို ဘတ်တီးရီးယားပိုးမွှားတွေကနေ ကာကွယ်ပေးသလို လက်ခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

သံပုရာရည်

 

အသားရေခြောက်သွေ့တာကို တိုက်ဖျက်ဖို့ဆိုရင် သံပုရာရည်ကလည်း အသုံးဝင်ပါတယ်။ သံပုရာသီးက အသားရေခြောက်သွေ့တာကို ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ ပိုတတ်စီယမ်ဓာတ်တွေ ကြွယ်ဝပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင်စီကလည်း အရေပြားခြောက်သွေ့ခြင်းကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို နှောင့်နှေးစေပါတယ်။ ရေအထိများလို့ လက်တွေခြောက်သွေ့တယ်ဆိုရင်လည်း လက်တွေကို သံပုရာသီးနဲ့ပွတ်တိုက်ပေးလို့ရသလို သံပုရာရည်လိမ်းပေးလို့ရပါတယ်။

အုန်းဆီ

အုန်းသီးကလည်း အသားရေအတွက် Moisturizer အနေနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အုန်းဆီက အသားရေခြောက်သွေ့တကို ကုသပေးတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ အုန်းဆီကို ပုံမှန်လိမ်းပေးတာက ခြောက်သွေ့တဲ့အသားရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ ခြောက်သွေ့နေတဲ့လက်ကို အုန်းဆီလိမ်းပေးမယ်ဆိုရင် လက်တွေ နူးညံ့သွားအောင် Moisturizer အဖြစ်လုပ်ဆောင်ပေးနိုင်ပါတယ်။

နေကြာဆီ

နေကြာဆီကို Moisturizer အဖြစ် အသုံးပြုရင် ရေဓာတ်ဖြည့်ပေးတယ်လို့ ၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ သံလွင်ဆီကိုလည်း အသားရေပျက်စီးတာတွေအတွက် အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သဘာဝဆီအကုန်လုံးကို Moisturizer အဖြစ် အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ လက်ခြောက်သွေ့ခြင်းအတွက် နေကြာဆီနဲ့သံလွင်ဆီကို သုံးပေးလို့ရပါတယ်။

ပျားရည်

ပျားရည်ကလည်း အသားရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ အသားရေအတွက်ဆိုရင် ပျားရည်က Moisturizer အဖြစ် လုပ်ဆောင်ပါတယ်။ ပျားရည်က အသားရေခြောက်သွေ့ခြင်းကို ကုသပေးတဲ့ အိမ်တွင်းနည်းလမ်းတစ်ခုပါပဲ။ ပျားရည်ကို အသားရေမှာ တိုက်ရိုက်လိမ်းပေးမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် လက်တွေခြောက်သွေ့နေတယ်ဆိုရင် ပျားရည်လိမ်းပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။