ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ ဆို

Health International News
ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ ဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်မှု အောင်မြင်တယ်လို့ ဆို

ကမ္ဘာ့ပထမဆုံး မျက်စိတစ်လုံးလုံး အစားထိုးခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ ခွဲစိတ်ဆရာဝန်တွေက ဆိုပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ သူနာပြု ၁၄၀ ပါဝင်ခဲ့ပြီး ၂၁ နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီခွဲစိတ်မှုဟာ အစားထိုးခွဲစိတ်မှု နယ်ပယ်အတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်လို့ ဆိုကြပါတယ်။

စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ အေရွန်ဂျိမ်းစ်ဟာ မစ္စစ္စပီပြည်နယ်က ဓာတ်အားလိုင်းမှာ အလုပ်လုပ်နေသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လက ဗို့အား ၇၂၀၀ ရှိတဲ့ လျှပ်စစ်ကြိုးကို မတော်တဆ ကိုင်မိခဲ့လို့ သေလုမျောပါး ဖြစ်ခဲ့သူပါ။ ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့မျက်နှာ ပျက်စီးသွားခဲ့ပြီး မျက်စိတစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ ဘယ်ဘက်မျက်စိကို ဖယ်ထုတ်ချိန်မှာ အာရုံကြောတွေ ထိခိုက်မှုမရှိစေဖို့ NYU Langone Health ကျန်းမာရေးစင်တာရဲ့ မျက်နှာအစားထိုးခွဲစိတ်မှုဌာန ဒါရိုက်တာ ဒေါက်တာ ရိုဒရီဂွက်ဇ်က မှာကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မျက်လုံးအလှူရှင် တွေ့ခဲ့ပြီး အေရွန်ဂျိမ်းစ်ရဲ့ အာရုံကြောမျှင်တွေထဲကို မျက်လုံးအလှူရှင်ရဲ့ ပင်မဆဲလ်တွေ ထိုးသွင်းပေးခဲ့ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကြား တဖြည်းဖြည်းချင်း ဆက်သွယ်မှု ပြန်ရလာနိုင်စေဖို့ ဖြစ်ပါတယ်။ အာရုံကြောမျှင်တွေနဲ့ ပင်မဆဲလ်တွေ ပေါင်းစည်းသွားချိန်မှာတော့ မျက်လုံးအစားထိုး ခွဲစိတ်မှု လုပ်နိုင်ခဲ့ပါတယ်။

အစားထိုးထည့်သွင်းတဲ့ မျက်လုံးကို အာရုံကြောတွေနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။ အစားထိုးခွဲစိတ်မှု အောင်မြင်ခဲ့ပေမဲ့ အေရွန်ဂျိမ်းစ်အနေနဲ့ အမြင်အာရုံ ပြန်ရမလားဆိုတာတော့ မသေချာသေးပါဘူး။ သူ့အနေနဲ့ အမြင်အာရုံ ပြန်မရရင်တောင် မျက်စိနှစ်လုံး ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဆင်ပြေတယ်လို့ အေရွန်ဂျိမ်းစ်က ဆိုပါတယ်။

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။