ဆိုင်ကယ်ဝယ်ဖို့အတွက် မိဘအမွေအိမ်ကို တစ်ဝက်ဈေးနဲ့ရောင်းဖို့လုပ်ခဲ့တဲ့ ဆယ်ကျော်သက်

Funny International News
ဆိုင်ကယ်ဝယ်ဖို့အတွက် မိဘအမွေအိမ်ကို တစ်ဝက်ဈေးနဲ့ရောင်းဖို့လုပ်ခဲ့တဲ့ ဆယ်ကျော်သက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိုင်ကယ်ဝယ်ဖို့အတွက် မိဘအမွေအိမ်ကို တစ်ဝက်ဈေးနဲ့ရောင်းဖို့လုပ်ခဲ့တဲ့ ဆယ်ကျော်သက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆိုင်ကယ်ဝယ်ဖို့အတွက် မိဘအမွေအိမ်ကို တစ်ဝက်ဈေးနဲ့ရောင်းဖို့လုပ်ခဲ့တဲ့ ဆယ်ကျော်သက်

တရုတ်နိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ ဆိုင်ကယ်တစ်စီးဝယ်ယူဖို့အတွက် သူ့မိသားစုဆီက ရထားတဲ့အိမ်ကို တစ်ဝက်ဈေး နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆယ်ကျော်သက်ရဲ့မိသားစုက တရားဥပဒေအရ အရေးယူခဲ့ပြီး ရောင်းချမှုကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံအလယ်ပိုင်းဟယ်နန်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။

သူ့မိသားစုက တရားရုံးမှာ စွဲချက်တင်ပြီးနောက် ဒီကိစ္စက နာမည်ကြီးသွားခဲ့တာပါ။ ရှောင်ဟွာ (နာမည်ပြောင်) ဆိုတဲ့ ဆယ်ကျော်သက်နဲ့ အိမ်ခြံမြေရောင်းဝယ်သူနှစ်ဦးကြား အရောင်းအဝယ်သဘောတူစာချုပ်စာရွက်စာတမ်းတွေကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။ သဘောတူစာချုပ်က မျှတမှုမရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ရှောင်ဟွာက သူ့မိဘတွေ သူ့ကို ဆိုင်ကယ်ဝယ်မပေးခဲ့တာကြောင့် သူ့အဖိုးရဲ့အမွေအိမ်ကို ရောင်းဖို့ လုပ်ခဲ့တာပါ။ သူ့မိဘတွေကို ပြောမပြဘဲ အိမ်ခြံမြေအကျိုးဆောင်တွေကို အကူအညီတောင်းခံခဲ့တာပါ။ သူက အိမ်ကို ဒေါ်လာ ၇၂၀၀၀ နဲ့ ရောင်းဖို့ သဘောတူခဲ့ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်က အမြတ်ရဖို့ အခြားအိမ်ခြံမြေအကျိုးဆောင်ကို ဈေးနှုန်းမြင့်ပြီး ရောင်းချခဲ့ပါတယ်။

ရှောင်ဟွာရဲ့အမေက ဒီကိစ္စကို သိသွားတဲ့အခါမှာ အိမ်ခြံမြေအကျိုးဆောင်တွေကို အရောင်းအဝယ်သဘောတူစာချုပ်ကို ပြန်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ငြင်းဆိုခဲ့တာကြောင့် ရှောင်ဟွာရဲ့မိဘတွေက တရားစွဲခဲ့တာပါ။ ရှောင်ဟွာရဲ့လုပ်ရပ်တွေက တရားရုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူ့အမေက ဒီအရောင်းအဝယ်ဟာ မမျှတဘူးလို့ ပြောခဲ့ပါတယ်။

တရားသူကြီးက အရောင်းအဝယ်စာရွက်စာတမ်းတွေကို ကြည့်ပြီး ဆယ်ကျော်သက်ပြောတဲ့၊ အိမ်ခြံမြေအကျိုးဆောင်တွေပြောတဲ့အရာတွေကို နားထောင်ခဲ့ပါတယ်။ ဆယ်ကျော်သက်က အိမ်ရဲ့တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတဲ့ မသိခဲ့ဘူး။ ဒါကို အိမ်ခြံမြေအကျိုးဆောင်တွေက လျှော့ပေါ့ရောင်းအောင် သူ့ကို လှည့်စားခဲ့တယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံးက အရောင်းအဝယ်သဘောတူညီချက်ကို ပယ်ဖျက်ပြီး အိမ်ပိုင်ဆိုင်မှုကို ရှောင်ဟွာထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။