အမေရိကန်မှာ နှစ် ၂၀ နေခဲ့ပြီးနောက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ရပြီဖြစ်တဲ့ ပန်ဒါကြီး ယာယာ

International News
အမေရိကန်မှာ နှစ် ၂၀ နေခဲ့ပြီးနောက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ရပြီဖြစ်တဲ့ ပန်ဒါကြီး ယာယာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်မှာ နှစ် ၂၀ နေခဲ့ပြီးနောက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ရပြီဖြစ်တဲ့ ပန်ဒါကြီး ယာယာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်မှာ နှစ် ၂၀ နေခဲ့ပြီးနောက် တရုတ်နိုင်ငံကို ပြန်သွားခဲ့ရပြီဖြစ်တဲ့ ပန်ဒါကြီး ယာယာ

Giant panda Ya Ya arrives in Shanghai after 20 years' stay in U.S. - CGTN

ပန်ဒါကြီး ယာယာက အငှားသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နိုင်ငံ၊ Memphis Zoo မှာ အနှစ် ၂၀ နေခဲ့ရပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာတော့ တရုတ်နိုင်ငံကို ပြန်ပို့ခံလိုက်ရပါပြီ။ တရုတ်နိုင်ငံကို ယာယာပြန်တဲ့အချိန် ဆေးဘက်ဆိုင်ရာလိုအပ်ချက်တွေတာဝန်ယူပေးမယ့် တိရစ္ဆာန်ဆရာဝန်တစ်ယောက်နဲ့ မွေးမြူရေးဆိုင်ရာလိုအပ်ချက်တွေကို စီမံပေးမယ့် တိရစ္ဆာန်ရုံကအရာရှိတစ်ယောက်လိုက်ပါသွားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား နှစ် ၂၀ အငှားသဘောတူညီချက်က ပြီးဆုံးသွားတဲ့အတွက် ပန်ဒါကြီးယာယာက တရုတ်နိုင်ငံကို ပြန်သွားခဲ့ရတာပါ။ ယာယာကို ၂၀၀၀ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က ပေကျင်းမှာ မွေးဖွားခဲ့တာပါ။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ပန်ဒါအထီးကြီး လီလီနဲ့အတူ လွန်ခဲ့တဲ့ အနှစ် ၂၀ က Memphis တိရစ္ဆာန်ကို ရောက်ရှိခဲ့တာပါ။ လီလီကတော့ ဖေဖော်ဝါရီလက thayဆုံးသွားခဲ့ပါပြီ။

အခုလအစောပိုင်းမှာ တိရစ္ဆာန်ရုံက ယာယာအတွက် နှုတ်ဆက်ပွဲတစ်ခု ကျင်းပပေးခဲ့ပါသေးတယ်။ ပန်ဒါတွေက သုတေသနနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးပရောဂျက်တွေအတွက် အဓိကသော့ချက်ဖြစ်ပြီး လူတွေကို တရုတ်ယဉ်ကျေးမှုတချို့ကို တွေ့ကြုံခံစားနိုင်ဖို့ ကူညီပေးခဲ့တယ်လို့ တိရစ္ဆာန်ရုံက ပြောပါတယ်။

“အနှစ် ၂၀ အကြာမှာတော့ ယာယာက မိသားစုလိုဖြစ်လာခဲ့တယ်။ Memphis Zoo ဝန်ထမ်းတွေနဲ့ ဒေသခံအသိုင်းအဝိုင်းက သူ(မ) ကို အရမ်းလွမ်းဆွတ်မိနေမှာပါ။ သူ့ရဲ့အိမ်အသစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်”လို့ ဗုဒ္ဓဟူးနေ့က တိရစ္ဆာန်ရုံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။