ခရမ်းချဉ်သီးစားတာက အရေပြားရောဂါကို ပြန်ထစေနိုင်သလား

Health Knowledge
ခရမ်းချဉ်သီးစားတာက အရေပြားရောဂါကို ပြန်ထစေနိုင်သလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရမ်းချဉ်သီးစားတာက အရေပြားရောဂါကို ပြန်ထစေနိုင်သလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးစားတာက အရေပြားရောဂါကို ပြန်ထစေနိုင်သလား

ခရမ်းချဉ်သီးက အာဟာရဓာတ်များစွာပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာကို လူတိုင်းသိထားကြကပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတတ်စီယမ်၊အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တဲ့အတွက် နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးအပါအဝင် အခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးက အခြားကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့လည်း သိရပါတယ်။ ခရမ်းချဉ်သီးမှာ oxalate ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် ကျောက်ကပ်မှာ ကျောက်တည်စေနိုင်တဲ့အပြင် ဆိုရီအေးဆစ်အရေပြားရောဂါကိုလည်း ပြန်ထစေနိုင်တယ်လို့ တချို့က ပြောကြပါတယ်။


ဆိုရီအေးဆစ်ဆိုတာက အနီအကွက်တွေထွက်လာတဲ့ ကုသနည်းမသိကြတဲ့ အရေပြားပြဿနာပါပဲ။ ကိုယ်ခံအားစနစ်အရမ်း active ဖြစ်လွန်းရင် ဖြစ်လာနိုင်ပါတယ်။ ရှိပြီးသားဆဲလ်တွေပေါ်မှာ အရေပြားဆဲလ်အသစ်ဖြစ်လာတဲ့ နာတာရှည်ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ အနီအကွက်တွေလိုဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပေါ်လာပါတယ်။ ဆဲလ်အပိုတွေက ယားယံခြင်းကို ဖြစ်စေပြီး တစ်ချိန်တည်းမှာပဲ အသားအက်ကွဲပြီး သွေးထွက်တာတွေတောင်ဖြစ်နိုင်ပါတယ်။

ဆေးဘက်ဝင်အပင်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေက မျိုးကွဲ ၃၀၀၀ ကျော်ရှိကြပါတယ်။ ကျွန်တော်တို့တွေအစားများကြတာက ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အာလူးတို့ပါပဲ။ အဲဒီအပင်တွေကို Nightshade အပင်လို့ခေါ်ကြပါတယ်။ ဘာလို့အဲဒီလိုခေါ်လည်းဆိုတာမရှင်းလင်းပါဘူး။ ဒါပေမဲ့ အပင်တွေက အရိပ်ရတာနေရမှာ ပေါက်လေ့ရှိတဲ့အတွက် အဲဒီနာမည်ရခဲ့တာလို့တော့ ပြောကြပါတယ်။

ခရမ်းချဉ်သီးက ဆိုရီအေးဆစ်အရေပြားရောဂါကို ပြန်ထစေနိုင်လား

ခရမ်းချဉ်သီးက ဆိုရီအေးဆစ်အရေပြားရောဂါကို ပြန်ထစေနိုင်တယ်ဆိုတဲ့ လေ့လာချက်တော့မရှိပါဘူး။ ခရမ်းချဉ်သီးက အာဟာရပြည့်ဝမှုသိပ်သည်းတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး စားသုံးပေးရင် အသားရေ၊ အမြင်အာရုံနဲ့ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

အရေပြားရောဂါကို ပြန်ထစေနိုင်တယ်လို့ ကြားဖူးတာနဲ့ပဲ တစ်နေ့တာအစားအစာမှာ ခရမ်းချဉ်သီးကို ဖြတ်ပစ်စရာမလိုပါဘူး။ အရေပြားရောဂါကို ပြန်ထလာတာက အခြားအကြောင်းအရင်းတချို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကြောင့် ဖြစ်တယ်လို့ ခံစားရနေသေးတယ်ဆိုရင်တော့ ခရမ်းချဉ်သီးစားသုံးတာကို ရှောင်ကျဉ်လိုက်လို့ရပါတယ်။

ဒီရောဂါအခြေအနေကို ဘယ်လိုထိန်းမလဲ

ဒီအရေပြားရောဂါက ကိုယ်ခံအားစနစ်ကြောင့်ဖြစ်ရတဲ့အတွက် တချို့အလေ့အထတွေက ပိုဆိုးရွားလာစေနိုင်ပါတယ်။ ဒီအရေပြားရောဂါအခြေအနေရှိနေတဲ့သူဆိုရင် အောက်က အချက်တွေကို လိုက်နာဖို့တော့လိုပါတယ်။

– ဆေးလိပ်သောက်တာ ရှောင်ကျဉ်ပါ
– ကိုယ်အလေးချိန်ကို ထိန်းပါ
– ယားယံမှုတွေဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့ခြင်းမှ ရှောင်ပါ
– စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
– အယ်ကိုဟောသောက်သုံးမှုပမာဏကို လျော့ချပါ

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။