စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်မယ့် နည်းလမ်းလေးတွေ

Health

စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်မယ့် နည်းလမ်းလေးတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်မယ့် နည်းလမ်းလေးတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဘဝမှာ စိတ်ဖိစီးမှုကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ အဲဒီအရာက သင့်ကျန်းမာရေးနဲ့ သင့်လုပ်ရည်ကိုင်ရည်ကို ထိခိုက်စေရုံသာမက လူမှုရေးပြဿနာတွေလည်းရှိလာနိုင်ပါတယ်။ လူတိုင်းက စိတ်ဖိစီးမှုဒဏ်ကို အကြောင်းအမျိုးမျိုးနဲ့ ခံစားနေကြရပါတယ်။ စိတ်ဖိစီးမှုကြောင့် စိတ်ဓာတ်ကျလာပြီး ကျန်းမာရေးလည်းထိခိုက်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ စိတ်ဖိစီးမှုဒဏ်ကို ပြေပျောက်စေမယ့် နည်းလမ်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

(၁၀) မိနစ်လောက် လမ်းလျှောက်ပါ

လမ်းလျှောက်တာက သင့်ကျန်းမာရေးအတွက်ကောင်းသလို စိတ်ကိုလည်း ပေ့ါပါးလန်းဆန်းသွားစေပါတယ်။ စိတ်ဖိစီးမှုဒဏ်ကို မခံစားရအောင် (၁၀) မိနစ်လောက် လမ်းလျှောက်ပေးပါ။ ပန်းခြံ (ဒါမှမဟုတ်) စိမ်းစိုတဲ့နေရာတွေမှာ လမ်းလျှောက်ကြည့်ပါ။

သီချင်းနားထောင်ပါ

သီချင်းက သင့်စိတ်ကိုအေးချမ်းစေပြီး သောကအမောတွေပြေပျောက်စေမှာပါ။ သီချင်းနားထောင်ပေးတာက စိတ်ဖိစီးမှုကို ပျောက်သွားစေတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂီတဆိုတာ ဆေးတစ်ခွက်ပါလို့လည်း ပြောကြပါတယ်။

အသက်ပြင်းပြင်းရှုပါ

ကျွန်တော်တို့ခန္ဓာကိုယ်မှာ အသက်ရှုတာက အရေးကြီးတဲ့အရာတစ်ခုပါပဲ။ အသက်ရှုလေ့ကျင့်ခန်းက သင့်စိတ်ကို ပေါ့ပါးသွားစေပြီး ခန္ဓာကိုယ်ကို အင်အားဖြစ်စေပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကို အရမ်းကြီးလုပ်စရာမလိုပါဘူးနော်။ ဒါပေမဲ့ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရုံနဲ့ တင်းမာမှုတွေကိုလျှော့ချစေပြီး စိတ်ဖိစီးမှုကို ပြေလျော့အောင် ကူညီပေးနိုင်ပါတယ်။

ရေနွေးကြမ်းတစ်ခွက်သောက်ပါ

ရေနွေးကြမ်းသောက်တာက စိတ်ဖိစီးမှုဒဏ်ကို လျှော့နည်းစေပြီး စိတ်ပေါ့ပါးလန်းဆန်းသွားစေပါတယ်။

ပြုံးရယ်ပါ

May be an image of 1 person

သင့်ကို ရယ်မောပျော်ရွှင်စေမယ့် အရာတွေကိုပြုလုပ်ပါ။ ရယ်စရာဟာသဗီဒီယိုတွေကို များများကြည့်ပေးပါ။ ရယ်မောခြင်းက သင့်နှလုံး၊အဆုတ်၊ ကြွက်သားတွေကို ကောင်းမွန်စေပြီး သင့် ဦးနှောက်က ထုတ်လွှင့်လိုက်တဲ့ အန်ဒေါဖင် (endorphin) ကိုတိုးလာစေပါတယ်။

ပန်းအိုး (၁) အိုး (သို့) (၂) အိုးဝယ်ပါ

ပန်းပင်စိုက်တာကလည်း သင့်စိတ်ကိုတည်ငြိမ်အောင် အမှန်တကယ်လုပ်ဆောင်ပေးနိုင်ပါတယ်။ ပန်းအိုးကို သင့်အိမ်ခန်း၊ သင့်စားပွဲပေါ်မှာထားရှိတာကလည်း စိတ်ပျက်တာ၊ စိတ်ဖိစီးတာ၊ မောပန်းနွမ်းနယ်တာတွေကို လျှော့ကျစေနိုင်တယ်လို့ သုတေသီတွေက ရှာတွေ့ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။