ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သစ်ပင်

International News Knowledge
ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သစ်ပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သစ်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သစ်ပင်

အောက်ကပုံမှာမြင်ရတဲ့ သစ်ပင်က ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးလို့ သတ်မှတ်ထားတဲ့ သစ်ပင်ပါ။ ဒီသစ်ပင်ဟာ အရှေ့ကာလီဖိုးနီးယားမှာ တည်ရှိပါတယ်။ အဲဒီသစ်ပင်ကြီးဟာ ပုံပါအတိုင်း ကျွတ်ဆတ်တဲ့ထုချွန် ကတော့ပုံစံရှိပြီး သူ့နာမည်က Methuselah လို့ခေါ်ပါတယ်။ ဒီသစ်ပင်ဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးသော သက်ရှိလို့ အရင်တည်းက သတ်မှတ်ထားခဲ့ကာ သူ့စံချိန်ကို ကျော်လွန်တဲ့ သက်ရှိ ခုချိန်ထိမပေါ်ထွက်သေးပါဘူး။

အချက်အလက်တွေအရ Methuselah ရဲ့အသက်ဟာ 4854 နှစ်ရှိပါပြီ။ ရှေးအီဂျစ်တွေနာမည်ကျော် Giza ပိရမစ်ကြီးတည်ဆောက်ခဲ့တဲ့ အချိန်တည်းက ဒီသစ်ပင် စပေါက်ခဲ့တာပါပဲ။ သစ်ပင်ရဲ့တည်နေရာဟာ အရှေ့ကာလီဖိုးနီးယားမှာလို့ပဲ အကြမ်းဖျင်းသိရပါတယ်။ သစ်ပင်ကြီးကို ထိခိုက်မှုဘေးအန္တရာယ်တွေ လူတွေရန်ကနေ ကာကွယ်ဖို့ သူ့နေရာအတိအကျကိုတော့ လျှို့ဝှက်ထားပါတယ်။ ဆိုတော့ ဒီအံ့သြဖွယ် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိကို ဓာတ်ပုံတွေ ဗီဒီယိုတွေကနေပဲ လေ့လာခွင့်ရပါတယ်။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။