မကြုံမရှိကြုံရမည့်ဘုမ္မိအကြောင်း

Astrology
မကြုံမရှိကြုံရမည့်ဘုမ္မိအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မကြုံမရှိကြုံရမည့်ဘုမ္မိအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မကြုံမရှိကြုံရမည့်ဘုမ္မိအကြောင်း

“ကွေ့မယ်…ကိုင်ထား..”အဲဒီလိုသာ ကားစပယ်ယာက သတိပေးတဲ့အနေနဲ့မအော်ခဲ့ရင် ယာဉ်ပေါ်မှာပါလာတဲ့ မတ်တပ်ခရီးသည်တွေဟာ ကိုယ်ဟန် ပျက်သွားနိုင်တယ် ။ တစ်ယောက်နဲ့တစ်ယောက် ဖိမိ ၊ တွန်းမိ ၊ တိုက်မိ ၊ ခိုက်မိခဲ့ကြပေမယ် ။ အဲဒါကိုအခွင့်ကောင်းယူပြီး ကိုရွှေခါးပိုက်နှိုက်တို့ လက်စွမ်းကြောင့် ပါလာတာလေးတွေ ပါသွားနိုင်တယ် ။

ကျေးဇူးတင်စရာ ကောင်းတဲ့ ကားစပယ်ယာရဲ့သတိပေးမှုကြောင့် ကိုင်စရာတစ်ခုခုကို မိမိရရကိုင်ထားမယ် ။ ပါလာတဲ့ ပိုက်ဆံလေးတွေ ရှိရာနေရာကို သတိနဲ့ဖိကပ်ထားပါမှ အရာရာကသက်သာခွင့် ရနိုင်မယ်လေ ။

ဒီလိုကားက အရှိန်နဲ့ကွေ့ချနီးမှာကားစပယ်ယာ သတိပေးသလို ဝေဒင်္ဂကလည်း ကိုယ့်ပရိသတ်တွေကို သတိပေးချင်တာလေးတွေ ရှိနေပါတယ် ။

ဘ၀ခရီးမှာ ဘယ်အသက်အရွယ်ရောက်ရင် ဘယ်လိုအန္တရာယ်မျိုးတွေ ဆုံတွေ့နိုင်တယ် ဆိုတာကိုပဲ အဓိကထား ပြောချင်ပါတယ် ။ ကြိုကြိုတင်တင် သိထားတော့ သတိနဲ့ဆင်ခြင်ပြီး အန္တရာယ်ကိုရှောင်ရှားတတ်ဖို့ ဝေဒင်္ဂစေတနာ ထားတယ်လေ ။

စာဖတ်သူအနေနဲ့ ဘယ်အချိန်မှာကွေ့မယ်ဆိုတာသိရင် ကိုင်ထားဖို့က သိပ်မခက်ပါဘူး ။ ဒါကြောင့် မြန်မာ့ဗေဒင်မှာ မဟာဘုတ်နဲ့ ဂြိုဟ်အနေ အထားတွေကို အခြေခံပြီး လွယ်လွယ်နဲ့တွက်တဲ့ ပညာရပ်တွေရှိနေပါတယ် ။ သိထားရင် တတ်ထားရင် အဖိုးတန်တယ်ဆိုတာ ဒီဆောင်းပါး ဖတ်ပြီးရင် နားလည်ပါလိမ့်မယ် ။

အပေါ်မှာ ဂြိုဟ်တည်ပုံအနေအထားနဲ့ ဂြိုဟ်သက်တွေသိရင် ကိုယ့်အသက်အရွယ်အရ ဘယ်ဂြိုဟ် ခွင်ထဲမှာကျရောက်နေတယ်ဆိုတာ သိနိုင်တယ် ။

ဥပမာလေးတွေ တွက်ပြမယ် ။
အင်္ဂါသားတယောက်ဟာ (၃၉)နှစ်ဆိုပါတော့ ။
အင်္ဂါဂြိုဟ်သက် = (၈)နှစ်
ဗုဒ္ဓဟူး + (၁၇)နှစ်
ပေါင်း (၂၅)နှစ် ။
စနေ (၁၀)နှစ်
(၃၅)နှစ်
ကြာသပတေး (၁၉)နှစ်
ပေါင်း (၅၄)နှစ် ။
(၃၆)နှစ်ဟာ (၃၅)နှစ်နဲ့ (၅၄)ကြားမှာ ရှိတာကြောင့် ကြာသပတေးဂြိုဟ်ခွင်မှာ ကျနေတယ် ။

ကြာသပတေးသားသမီးတစ်ယောက်ဟာ အသက် (၃၀)ဆိုပါစို့ ။ ကြာသပတေးက စတွက် ရမယ် ။
ကြာသပတေး = (၁၉)နှစ် ။
ရာဟု = (၁၂)နှစ် ။
ပေါင်း (၃၁)နှစ် ။
အသက် (၃၁)နှစ်ဟာ (၁၉)နဲ့ (၃၁)ကြား ရှိတာမို့
ရာဟုထဲမှာကျနေတယ် ။ တကယ်လို့(၃၁)နှစ်ကျော်ပြီး (၂၀)နှစ်အတွင်းဆို (၄၂နှစ်ထိပေါ့ ။) သောကြာထဲမှာကျမယ် ၊ ဒါကိုဂြိုဟ်အိမ်လို့ ခေါ်တယ် ။

ကဲ…ကိုယ့်မွေးတဲ့ ဂြိုဟ်ကစပြီး ဂြိုဟ်ခွင်ကို လက်ယာရစ်အတိုင်းကိုယ့်အသက်ထိ
ရောက်အောင် ပေါင်းတတ်ရင် ကိုယ်အသက်ဘယ်ဂြိုဟ်ခွင်မှာရှိနေတယ်ဆိုတာ တွက်တတ်ပါပြီ ။ ဒါကိုအခြေခံပြီး ကွေ့မယ့်နှစ်တွေရှာရအောင်

ကျန်းမာရေးထိခိုက်နိုင်တဲ့ဘုမ္မိနယ်

ကိုယ်မွေးနေ့ဂြိုဟ်ခွင်ကနေ လက်ယာရစ် ပထမ (၄)ခွင် မြောက်မှာ ကိုယ့်အသက်ကျရောက်နေရင် ဘုမ္မိနယ်မိနေပြီ ။

ကိုယ့်မွေးနေ့ ဂြိုဟ်ကနေ လက်ယာရစ် (၄)ခွင် မြောက်ရင် ဘုမ္မိနယ်ဖြစ်လို့ အားလုံးအတွက်ဘုမ္မိနယ်တွေ ပြောလိုက်မယ် ။
တနင်္ဂနွေ သားသမီးတို့အတွက်ဘုမ္မိနယ် = ဗုဒ္ဓဟူး ။
တနင်္လာသားသမီးတို့အတွက် ဘုမ္မိနယ် = စနေ ။
အင်္ဂါသားသမီးတို့အတွက်ဘုမ္မိနယ် = ကြာသပတေး ။
ဗုဒ္ဓဟူး သားသမီးတို့အတွက် ဘုမ္မိနယ် = ရာဟု ။
စနေသားသမီးတို့အတွက် ဘုမ္မိနယ် = သောကြာ ။
ကြာသပတေးသားသမီးတို့အတွက် ဘုမ္မိနယ် = တနင်္ဂနွေ ။
ရာဟု သားသမီးတို့အတွက် ဘုမ္မိနယ် = တနင်္လာ ။
သောကြာသားသမီးတို့အတွက် ဘုမ္မိနယ်=အင်္ဂါ ။

ဘယ်နေ့သားတွေအတွက် ဘယ်ဂြိုဟ်ခွင်ဟာ ဘုမ္မိနယ်ဆိုတာသိရင် ကိုယ့်သက်ရောက်အရ ဘယ်ဘုမ္မိနယ် မိမိဆိုတာ တွက်လို့ရပါပြီ ။

တွက်ပုံက ကိုယ့်မွေးနဲ့ဂြိုဟ်ကစပြီး အခု ရောက်တဲ့ အသက်အထိလက်ယာရစ် တွက်သွား ရမယ် ။

ဥပမာ စနေသားတစ်ယောက်ဟာ (၂၈)နှစ်ဆိုပါစို့ ။
စနေဂြိုဟ်ခွင်ကစ(၂၈)အထိ လက်ယာရစ်ရေသွားရင် သောကြာဂြိုဟ်ခွင်မှာ သွားကျတယ် ။

စနေသားသမီးရဲ့ဘုမ္မိနယ်က သောကြာဖြစ်နေတော့ ဒီစနေသားသမီး(၂၈)နှစ်မှာဘုမ္မိနယ်ကျလိမ့်မယ် ။ တွက်ကြည့်ရင် စနေသားသမီးဟာ(၄)နှစ် ၊ (၁၂)နှစ် ၊ (၂၀)နှစ်တွေမှာလည်း ဘုမ္မိနယ်ကျခဲ့တယ်ဆိုတာ တွေ့ရလိမ့်မယ် ။
သင့်သက်ရောက်တို့ကို တွက်ကြည့်လို့ ဘုမ္မိ နယ်မှာမိနေရင် ကျန်းမာရေး ၊ ထိခိုက်
တတ်ပါတယ် ။

ဒါကြောင့် အအိပ်အနေ ၊ အစားအသောက် ၊အသွားအလာ ရေချိုးဆင်ခြင်ပါ ။ အိပ်ရေးပျက်မခံပါနဲ့ ။ ကိုယ် နဲ့မတည့်တဲ့ အစားအသောက်တွေကို ဘယ်လောက်ပဲကြိုက်ကြိုက် ဝေးဝေးကရှောင်ပါ ။ “ဥစ္စာကံစောင့် ၊ အသက်ဥာဏ်စောင့်”ဆိုတဲ့
စကားလည်း ရှိသားပဲ ။

ဘုမ္မိလေး

ကိုယ့်မွေးနံဂြိုဟ်ခွင်ကနေ လက်ယာရစ်(၇)ခုမြောက် ဂြိုဟ်ခွင်က ကိုယ့်အတွက် ဘုမ္မိလေးနယ်ပဲ ။
သူ့တွက်ကြည့်ရင်….
တနင်္ဂနွေသားသမီးတွေအဖို့ = ရာဟု ။
တနင်္လာသားသမီးတွေအဖို့ = သောကြာ ။
အင်္ဂါ သားသမီးတွေအဖို့ = တနင်္ဂနွေ ။
ဗုဒ္ဓဟူးသားသမီးတွေအဖို့ = တနင်းလာ ။
စနေသားသမီးတွေအဖို့ = အင်္ဂါ ။
ကြာသပတေး သားသမီးတွေအဖို့ = ဗုဒ္ဓဟူး ။
ရာဟု သားသမီးတွေအဖို့ = စနေ ။
သောကြာသားသမီးတွေအဖို့ = ကြာသပတေး တို့ဟာဘုမ္မိလေးကျတယ်ပေါ့ ။

ဘုမ္မိလေးနယ် ကျမကျဆိုတာလည်း စောစော က ဘုမ္မိတွက်သလိုပါပဲ ။ ကိုယ်မွေးနံကစပြီး ကိုယ်အသက်ထိရေသွား၊ ကိုယ်နဲ့ဆိုင်တဲ့ ဘုမ္မိလေးနယ်မှာရှိနေရင် ဘုမ္မိလေးကျတယ်ပေါ့ ။

ဥပမာ-
တနင်္ဂနွေသားတစ်ယောက်ဟာ (၂၃)နှစ်ဆိုပါစို့ ။
သူသက်ရောက်ဟာရာဟုမှာ ။ တကယ်တော့ ရာဟုဟာ တနင်္ဂနွေသားသမီးတွေအဖို့ ဘုမ္မိနယ် ။

ဒါကြောင့် ဒီတနင်္ဂနွေသားဟာ (၂၃)နှစ်မှာ ဘုမ္မိလေးကျခဲ့ပါတယ် ။ (၇)နှစ် နဲ့ (၁၅)နှစ်မှာလည်း ဘုမ္မိလေးကျခဲ့ပါတယ် ။
ဘုမ္မိလေးကျတဲ့ အကျိုးသက်ရောက်မှုကတော့ ကျန်းမာရေးချွတ်ယွင်းခြင်းပါပဲ ။

ဒီတော့ ပြောခဲ့သလို အအိပ် ၊ အစား ၊ အသွား ၊ အလာဆင်ခြင်ပေတော့ ။

နှစ်ပြန်ထပ်ဘုမ္မိ

ကိုယ့်မွေးနေ့ဂြိုဟ်ခွင်ကနေ စရေရင်(၄)ခွင်မြောက်ဂြိုဟ်အိပ်ရော ၊ သက်ရောက်ပါကျနေရင် နှစ်ပြန်ထပ်ဘုမ္မိမှာ မိနေတယ်လို့ဆိုပါတယ် ။

ဥပမာ-အသက် (၄၄)နှစ်ရှိတဲ့ သောကြာသားဆိုပါတော့ ။ သူရဲ့ဂြိုဟ်အိပ်ကို ရှာကြည့်ရင်…
သောကြာ = (၂၁)နှစ် ။
တနင်္ဂနွေ = (၆)နှစ် ။
(၂၇)နှစ် ။
တနင်္လာ = (၁၅)နှစ် ။
(၄၂)နှစ် ။
အင်္ဂါ = (၈)နှစ် ။
(၅၀)နှစ် ။

(၄၄)နှစ်ဟာ (၄၂) နဲ့ (၅၀)ကြားရှိတာကြောင့် သူဟာ အင်္ဂါမှာအိပ်နေတယ် ။တစ်ခါ (၄၄)နှစ်ရောက်အောင် သောကြာကနေစရေရင် အင်္ဂါမှာပဲပြန်ကျ နေတယ် ။
အင်္ဂါကိုပြန်ကြည့်ရင် သောကြာနေ့ဆိုရင် လက်ယာရစ် (၄)ခုမြောက်မှာ ရှိနေလေရဲ့။

အဲဒီတော့ သူ့မွေးနံကနေ (၄)ခုမြောက်ခွင်မှာ ဂြိုဟ်အိမ်ရော ၊ သက်ရောက်ပါကျနေတာကြောင့် နှစ်ပြန်ထပ် ဘုမ္မိကျနေပါတယ် ။

နေ့သားသမီးတိုင်းအတွက် နှစ်ထပ်ပြန် ဘုမ္မိကျမယ့်နှစ်တွေ တွက်ပေးလိုက်တယ် ။
ကိုယ်တိုင်တွက်ပြီးတော့ တိုက်ဆိုင်ကြည့်ပေါ့ ။

တနင်္ဂနွေသားသမီးများအတွက် (၃၆)နှစ် ၊(၄၄)နှစ် ။
တနင်္လာသားသမီးများအတွက် (၄၄)နှစ် ။
အင်္ဂါသားသမီးများအတွက် (၃၆) (၄၄) (၅၂) နှစ် ။
ဗုဒ္ဓဟူးသားသမီးများအတွက် (၅၂)နှစ် ။
စနေသားသမီးများအတွက် (၄၄) (၅၂) (၆၀)နှစ် ။
ကြာသပတေး သားသမီးများအတွက် (၅၂)နှစ် ။
ရာဟုသားသမီးများအတွက် (၅၂)နှစ် ။
သောကြာသားသမီးများအတွက် (၄၄)နှစ် ။

အဲဒီထပ်နှစ်ပြန်ဘုမ္မိကျရောက်တဲ့နှစ်တွေမှာ ကျန်းမာရေး အထူးချို့ယွင်းမယ် ။ ဆေးရုံတက်ရမယ် ။ ခွဲစိတ်ကုသမှု ခံယူရမယ် ။ ဘုမ္မိ ဘုမ္မိလေး ကျတာထက်ကို ပိုးဆိုးမှာမို့ ဖော်ပြထားတဲ့နှစ်တွေမှာ အထူး သတိထားပါ ။မဟုတ်ရင်တော့……….။
(အထူး ယတြာများ ကြိုတင်ပြုလုပ်ထားသင့်ပါတယ် ။)

ဘုမ္မိကြီး

ကိုယ့်အသက်အရ ဂြိုဟ်အိမ်ဟာ ဘုမ္မိ
ကိုယ့်မွေးနံက လက်ယာရစ် (၄)ခွင်မြောက်မှာရှိနေပြီး ၊ ကိုယ့်မွေးနံက စတင်ရေတွက်တဲ့ သက်ရောက်ခွင်ဟာ ကိုယ့်အဖို့ဘုမ္မိလေးကျတဲ့ခွင် (၇ခွင်မြောက်)မှာရှိနေရင် ဘုမ္မိကြီး ကျရောက်တယ်လို့ ဆိုပါ တယ်။

ဥပမာအဖြစ်နဲ့ တနင်္ဂနွေသားသမီးတစ်ယောက်ကိုတွက်ပြပါ့မယ် ။

တနင်္ဂနွေသားသမီးရဲ့ ဂြိုဟ်အိပ်ဟာ ဘုမ္မိကျ တဲ့နှစ်တွေကို ရွေးထုတ်လိုက်ရင်(၂၉)နှစ်ပြည့်ပြီးကနေ (၆)နှစ်ပြည့်ပြီးအထိ ။ တနင်္ဂနွေသားသမီးအတွက် ဘုမ္မိလေးကျတဲ့နှစ်တွေက (၇) (၁၅) (၂၃) (၃၁) (၃၉) (၄၇) (၅၅)စသည်ဖြင့်ပေါ့ ။

ဒီတော့ (၂၉)ကနေ (၄၆)နှစ်အထိ ပါ၀င်တဲ့နှစ်တွေထဲကနေ(၇) (၁၅) (၂၃) (၃၁) (၃၉) (၄၇) (၅၅)ထဲကတူတာကို ရွေးထုတ်လိုက်ရင် (၃၁) နဲ့ (၃၉)ထွက်လာမယ် ။

ဒါကြောင့် တနင်္ဂနွေသားသမီးတွေ ဘုမ္မိကြီးကျတဲ့နှစ်က (၃၁) နဲ့ (၃၉)နှစ်မှာပေါ့ ။
ကဲ …ကျန်သားသမီးတွေအတွက် တစ်ခါတည်း တွက်ပေးလိုက်မယ် ။

တနင်္လာသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၄၇)နှစ် ။

အင်္ဂါသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၃၉)နှစ် ၊ (၄၇)နှစ် ။

ဗုဒ္ဓဟူးသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၄၇) ၊ (၅၅)နှစ် ။

စနေ သားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၄၇) ၊ (၅၅)နှစ် ။

ကြာသပတေးသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၅၅)နှစ် ။

ရာဟုသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၃၉) ၊ (၄၇)နှစ် ။
သောကြာသားသ္မီးတွေအတွက်
ဘုမ္မိကြီးကျတဲ့နှစ် = (၄၇)နှစ် ။

အဲဒီ နှစ်တွေကတော့ ဘ၀ရဲ့တဆစ်ချိုးကွေ့တွေပဲ ၊ ခပ်မြဲမြဲလေး ကိုင်ထားပါမှ တော်ကာကျမယ့်နှစ်တွေပဲ ။ ဘ၀သက်တမ်း တစ်လျှောက်လုံး
ဒီနှစ်တွေဟာ အဆိုးဆုံးပဲလို့ ပြောရမှာပဲ ။

အဲဒီနှစ်တွေမှာ….အိုးအိမ်ပျက်စီးနိုင်တယ် ။
မီးဘေးသင့်နိုင်တယ် ။အိမ်ထောင်ကွဲနိုင်တယ် ။အိမ်တွင်းရေးပြဿနာတွေအကြီးအကျယ်တက်မယ် ။ရာထူးတွေကျမယ် ၊ အလုပ်ပြုတ်နိုင်တယ် ။
ဂုဏ်ပျက်စရာတွေကြုံရမယ် ။လူတကာကြားမှာ မျက်နှာမပြဝံ့လောက်အောင် သိက္ခာကျမယ် ။အသက်အန္တရာယ်လည်း တကယ်ပဲစိုးရိမ်ရမယ် ။ ကိုယ်မthayယင်တောင်မှ တစ်ဦးတစ်ယောက်ဟာ ကိုယ့်ဆီလာthayပြီး အဲ့ဒီလူ thayတာနဲ့
ပတ်သက်လို့ အမှုအခင်းရင်ဆိုင်ရမယ် ။သိက္ခာကျမယ် ၊ ငွေကြေးကုန်ကျမယ် ၊ မိသားစုအကြီးအကျယ်စိတ်သောက ရောက်ရမယ် ။

ကဲ…. ဒီတော့ သင့်ဘ၀လမ်းခရီးရဲ့ တဆစ်ချိုး ကွေ့တွေလည်းသိပြီး ၊ ဒီတဆစ်ချိုးတွေမှာ ဖြစ်နိုင်မယ် ၊ ဖြစ်တတ်တဲ့ ဖြစ်နေကျတဲ့ အန္တရာယ်
အသွယ်သွယ်ကိုလည်း သိနေပြီ ။

သင်ဘာလုပ်မလဲ?

လမ်းခရီး တစ်ခုခုကို မလျှောက်ချင်လို့
မလျှောက်ဝံ့လို့ မလျှောက်ပဲ နေလို့ရပေမယ့်
ဘ၀ခရီးဆိုတာက မသွားချင်လဲမရဘူး ။
ဘာမှမလုပ်ပဲနေလည်း အချိန်ဆိုတဲ့ယာဉ်ကြီးက
သင့်ကိုသယ်ဆောင်သွားမှာပဲ ၊ ဒီအခါမှာ အန္တရာယ်တဆစ်ချိုးကွေ့တွေကို မလွဲမသွေရောက်လာဦးမှာပဲ။

ကဲ….ဘာလုပ်မလဲ ?။
အန္တရာယ်တွေ ကျရောက်မယ့်ကာလကို ကြိုတင်သိထား ၊ ဒီကာလရောက်ရင် ဖြစ်တတ်တာတွေ၊
ဖြစ်နိုင်တာတွေသိထားပြီး မဖြစ်အောင် သတိနဲ့ ကာကွယ်ပေတော့ ။ (ယတြာတွေ ကြိုတင်ပြုလုပ်ထားပါ ။)

ထမင်းဆာရင် တစ်ခုခုကို စောင့်ဆိုင်းရတာ ကြာသည်ထက် ကြာလာရင် စိတ်တိုတတ်တယ် ၊ ဒေါသဖြစ်လွယ်တယ် ။ ဒါကိုသိထားရင် ထမင်းသိပ်ဆာတဲ့အခါ စောင့်ဆိုင်းရတာကို စိတ်မရှည်တဲ့အခါ စိတ်မတိုအောင် ဒေါသမဖြစ်အောင် ကိုယ်စိတ်ကို သတိဆိုတဲ့ချွန်းနဲ့ စိတ်ဆင်ရိုင်းကို ယဉ်ပါးအောင်ထိန်း ။

ကိုယ့်စိတ်ထဲကဖြစ်တဲ့ အန္တရာယ်အရိုင်းစိတ်ကို နိုင်ရင် တခြားပြင်ပက အန္တရာယ်တွေကိုနိုင်ဖို့ရာမခက်တော့ပါဘူး ။ဒါကြောင့် သတိပေးလိုက်ဦးမယ် ၊ ကွေ့မယ်.. ကိုင်ထား…။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။