လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလား

Astrology

လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးက တော့လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မလား

သင့်ရဲ့ စိတ်ကို ခဏလောက် ရှင်းရှင်းထားပီးမှ
မျက်လုံးထဲမှာ ပေါ်လာတဲ့ ပုံလေး (၁) ပုံကို ပဲရွေးပါ

ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

 

 

 

ပုံ(၁)

သင့်အတွက်တော့ ဒီတခါကြုံရတဲ့ အခက်အခဲက အကြီးမားဆုံးအခက်အခဲတခုပါပဲ ကိုယ်ယုံကြည်ခဲ့တာတွေဖြစ်မလာတာနောက်ကျောဓားထိုးခံရတာ အိမ်မက်စိတ်ကူးတွေဖြစ်မလာတာ တွေရှိနေတတ်ပါတယ် တတ်နိုင်သမျှ စိတ်ဖြေနိုင်အောင် ကြိုးစားပီး နေပါ မိမိရဲ့အကြပ်အတည်းတွေကလွတ်မြောက်ဖို့ တိုင်တည်ဆုတောင်းနေရုံ သူ့ကြောင့် ငါ့ကြောင့်အပြစ်ပုံချနေရုံနဲ့ပီးမသွားတာကိုသတိရပါ အရာရာက ကံစီမံရာ အတိုင်းဖြစ်သွားတာပဲလို့တွေးတာထက် ကံဆိုတာအလုပ် ကိုယ်တိုင်ရုန်းထွက်မှလွတ်မြောက်မှာလို့တွေးပီး ကြိုးစားရပါလိမ့်မယ်

ပုံ(၂)

သင့်အတွက် ကြုံတွေ့နေရတဲ့ လက်ရှိအခက်အခဲကနေ လွတ်မြောက်နိုင်ပါလိမ့်မယ် သင့်ရဲ့ ဖြတ်ထိုးဥာဏ်ကောင်းတာ လူပေါင်းဆန့်တာတွေက ဒီလိုအချိန်မှာသင့်အတွက်တော့အထောက်အပံ့ကောင်းတွေဖြစ်နေမှာ အသေအချာပါပဲ တဇွတ်ထိုးလုပ်တတ်တာ ရှေးရိုးဆန်တာ တွေကြောင့် လွတ်မြောက်ဖို့ထင်သလောက်ခရီးမပေါက်တာဖြစ်တတ်ပါတယ် သတိထားဆင်ခြင်သုံးသပ်ပါ စနစ်တကျ လမ်းညွှန်ပြသပေးသူတွေရဲ့အကြံပေးချက်တွေကိုလဲလိုက်နာပါလွတ်မြောက်အဆင်ပြေဖို့လမ်းစက လက်တကမ်းမှာရောက်နေပါပီ အားတင်းကျော်ဖြတ်ဖို့သာလိုပါလိမ့်မယ်

ပုံ(၃)

အကြပ်အတည်း အခက်အခဲတွေဆိုတာ လူတိုင်းမှာရှိစမြဲပါပဲ သင့်မှာလက်ရှိဖြစ်ပေါ်နေတဲ့အကြပ်အတည်းက နေ လွတ်မြောက်ဖို့အတွက် ကံကြမ္မာ က မျက်နှာသာပေးတော့မှာပါ သင်ကိုယ်တိုင်သူများအခက်အခဲဖြစ်တိုင်း လျစ်လျူမရှုတတ်တာ ကူညီပေးကမ်းတတ်တာတွေကြောင့် ကုသိုလ် အကျိုးဆက် တွေကို သင်ရရှိခံစားရတော့မှာပါ သင့်စိတ်က ပေးချင်ကျွေးချင်စိတ်အပြည့် စေတနာအပြည့်နဲ့မို့ စေတနာရောင်ပြန်ဟပ်ပီး အခက်အခဲအကြပ်အတည်းတွေ စိတ်အခြေအနေအဆင်မပြေတာတွေကနေ အကောင်းဘက်ကို ပြန်လည်ဦးတည်လာပါလိမ့်မယ်

ပုံ(၄)

သင့်အခက်အခဲ အကြပ်အတည်းတွေအတွက် သင်ကိုယ်တိုင်လမ်းပျောက်နေတဲ့အချိန် အမှောင်ထဲမှာစမ်းတဝါးဝါးနဲ့ စိတ်ဓာတ်ကျနေ တဲ့အချိန်တွေကနေ လွတ်မြောက်တော့မှာပါ အမှောင်ကိုခွင်း အလင်းကိုဆောင် ပီး သောကဗျာပါဒ တွေ လှည့်စားခံရတာတွေ ကနေ လွတ်မြောက်ပျော်ရွှင်ရပါလိမ့်မယ် မျှော်လင့်ချက်တွေ မျှော်မှန်းထားတာတွေကို မမေ့လိုက်ပါနဲ့ ဘယ်လိုအခက်အခဲပဲလာလာ အခုချိန်ကစ ကံထူးကံကောင်းပီး အလိုဆန္ဒတွေပြည့်ဝတော့မယ်ဆိုတာ အသေအချာပါပဲ

ရေးသားသူ – Athena reads the Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။