သတိပြုအပ်သော “မ” အက္ခရာ

Astrology
သတိပြုအပ်သော “မ” အက္ခရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သတိပြုအပ်သော “မ” အက္ခရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သတိပြုအပ်သော “မ” အက္ခရာ

“မ”အက္ခရာကို အမည်အစစာလုံးနေရာမှာ ဖြစ်နိုင်သမျှ မသုံးသင့်ပါ ။ “မ”အက္ခရာသည် အသားအရောင် မဲခြင်း နက်ခြင်းကို နှစ်သက်သော ဟေဌအုပ်စု၀င် အနိဌအက္ခရာ အမျိုးအစားလည်း ဖြစ်ပါတယ် ။အသားဖြူသူ လတ်သူ (သောမလက္ခဏာများ) ရှိနေသည့် ကလေးငယ်တွေကို မှည့်ခေါ်ခဲ့ရင် အဆီအငေါ်မတည့်မှုကို ဖြစ်စေပါတယ် ။

ဘာကို အဆီအငေါ်မတည့်စေတာလည်း …..
ဘ၀ကံမှာပါ အဆီအငေါ်မတည့်တာတွေ ဖြစ်လာစေခြင်းပါပဲ ။”မ”နဲ့ တွဲပြီး မှည့်သည့် ပညတ်တွေထဲမှာ အဆိုးဆုံးကတော့”မ” အက္ခရာကို အောက်မြစ် ၊ နောက်သို့ပစ် ၊ ဟထိုး ၊ လုံးကြီးတင်ဆံခပ်တို့ဖြင့်…တွဲမှည့်ထားသော
မဲ
မွှေး
မြင့်
မီ
မီး
စသည်ဖြင့် မှည့်ခေါ်ထားသော ပညတ်တွဲလေးတွေသည်
အသားဖြူဖြူ လတ်လတ် ရှိသူတိုင်းအတွက် သတိထားရမယ့် အမည်ပညတ်တွေပဲဖြစ်ပါတယ် ။
အဓိကအားဖြင့် အမည်ရဲ့ အစ စာလုံး နေရာမှာ …မှည့်ခေါ်မယ်ဆိုရင် အထူးသတိထားရပါတော့တယ် ။

ဥပမာ…
“ခင်ခင်မွှေး” လို့ အမည်ရဲ့နောက်ဆုံးမှာ ထားပြီး မှည့်ထားခြင်းသည် ပြဿနာ မရှိလှသော်လည်း”မွှေးနံ့သာ” လို့ အမည်ရဲ့ အစနေရာမှာ မှည့်ထားခြင်းကတော့ အသားဖြူဖြူ လတ်လတ် မိန်းကလေးတစ်ယောက်အတွက် မုချ ဆိုးကျိုးပေးအား ရှိလာစေပါတယ် ။

မူလဇာတာမှာ …သီရိဂြိုဟ်အနေအထား …အိမ်ထောင်ရေးဂြိုဟ်အနေအထား ..
အင်္ဂါဂြိုဟ်အနေအထားကြာသပတေးဂြိုဟ်အနေအထား ကောင်းနေရင် …
ဆိုးကျိုးပေးအားကို လျော့ကျသွားစေပေမယ့်…..မူလဇာတာမှာ အထက်ပါအချင်းအရာများပါ အားနဲနိမ့်ကျနေခဲ့မယ်ဆိုရင်တော့……

အဆိုပါအမည်ရှင်မျိုး မိန်းကလေးတွေသည်..အရှက်တစ်ကွဲ အလွန်ဖြစ်လွယ်လှပါတယ် ။ကျွန်တော် ပြောသမျှ မယုံပါနဲ့ဦး ။ မိမိတို့ပတ်၀န်းကျင်မှာ စတင်လေ့လာကြည့်သင့်ပါတယ် ။ဆက်လက်ပြီးလည်း “မ” အက္ခရာအကြောင်း ကြာသပတေးပိုင် အက္ခရာအများနဲ့ အမည်လေးတွေအကြောင်း အဆင်သင့်သလို ထပ်မံ ရေးပေးသွားပါဦးမယ် ။

ရေးသားသူ –ကိုဖုန်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။