Zodiac signs and Love (part -1) (Aries, Taurus, Cancer)

Astrology
လူတော်တော်များများရဲ့ဘ၀ကို zodiac sign က လွမ်းမိုးချုပ်ကိုင်ထားတယ်ဆိုရင် သင်လက်ခံပါသလား။ တကယ်လို့ မယုံဘူးဆိုရင် အောက်ပါအချက်အလက်တွေနဲ့ မိမိပါတနာ ဒါမှမဟုတ် မိမိကိုယ်တိုင် တိုက်ဆိုင်ကြည့်လိုက်ပါ။ တကယ်လို့ မှန်ခဲ့တယ်ဆိုရင် LIke and share လေးလုပ်ပေးဖို့ မမေ့ကြနဲ့နော်။
Aries
Aries တွေဟာ zodiac sign ရဲ့ ပထမဦးဆုံး ရာသီခွင်ပဲဖြစ်ပါတယ်။ သူတို့ဟာ တစ်ခါတစ်လေ မစဉ်းစားမဆင်ခြင်ပဲ စွတ်လုပ်တတ်ကြတယ်။ သူတို့ဟာ ရှက်ရွံ့နေတတ်တဲ့စရိုက်မျိုးမရှိပါဘူး။ သူတို့ရဲ့ sign element ဟာ fire ဖြစ်ပြီး စိုးမိုးဂြိုလ်ကတော့ Mars လို့ခေါ်တဲ့ အင်္ဂါဂြိုလ်ပဲဖြစ်ပါတယ်။ Aries တွေဟာ အလျှင်အမြန်ချစ်တတ်ကြပြီး ဒီဟာကို ထုတ်ဖော်ပြသဖို့လဲ ဝန်လေးတတတ်ကြတဲ့လူတွေ မဟုတ်ပါဘူး။ တကယ်လို့ သူတို့သာချစ်မိသွားပီဆိုရင် ပထမဦးဆုံးစတွေ့တွေ့ချင်းမှာပဲ လက်စွတ်ထုတ်ပြီး လက်ထပ်ခွင့်တောင်းချင်တောင်းတတ်ကြတဲ့ လူစားမျိုးတွေပါ။ Aries တွေဟာ တခါတလေမှာ အချစ်သစ်ပေါ်မှာ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေ ထားကြပြီး ဟန်းနီးမွန်းထွက်ပြီးသွားတဲ့ အချိန်ကလေးအတွင်းမှာ မိမိရဲ့ပါတနာ အပေါ်မှာ စိတ်ပျက်ချင်ပျက်သွားတတ်တဲ့လူမျိုးတွေ ဖြစ်ကြပါတယ်။ Aries တွေကို အကြံပေးချင်တာကတော့ လူတစ်ယောက်ရဲ့ အကြောင်းကိုသေချာသိရဖို့ဆိုရင် အချိန်တစ်ခုယူရတယ်ဆိုတာပါပဲ။ အလုပ်ကြိုးစားခြင်း စာနာစိတ်ရှိခြင်း စိတ်ရှည်သည်းခံခြင်း ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုတွေ သစ္စာတရားတွေ အပြန်အလှန်လေးစားမှုတွေကို တည်ဆောက်နိုင်တယ် ဆိုတာ သတိရပေးပါ။
Taurus
Taurus တွေဟာ သစ္စာရှိတတ်တယ်။ တာဝန်ယူနိုင်တဲ့ ချစ်သူမျိုး တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ Taurus တွေရဲ့နှလုံးသားကို ရယုဖို့အတွက် ဆိုရင်တော့ ဝိုင်လေးတစ်ခွက်နဲ့ ရိုမန့်တစ် ဆန်တဲ့ညစာမျိုးလေးတော့ လိုအပ်ပါတယ်။ Taurus တွေကို သောကြာဂြိုလ် Venus က အုပ်စိုးပြီး သောကြာဂြိုလ်ဟာ အလှအပ အချစ်နဲ့ ရမ္မက် ကိုစိုးမိုးပါတယ်။ ဒါကြောင့် သောကြာဂြိုလ်စိုးမိုးတဲ့ Taurus တွေဟာ အရမ်းချစ်တတ်ကြပြီး အချစ်အတွက် ဘာမဆို ရင်ဆိုင်နိုင်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဆွဲဆောင်ဖို့ဆိုရင်တော့ ရိုမန့်တစ်ဆန်နေဖို့ လိုအပ်ပါတယ်နော်။ Taurus တွေကိုချစ်ဖို့ဆိုရင် သူတို့ရဲ့စိတ်ကို romatic ဖြစ်နေစေဖို့ အင်မတန်အရေးကြီးပါတယ်။ Taurus တွေရဲ့ sign ဟာ နွားသိုးဖြစ်ပြီး လေးလံတတ်တဲ့ စရိုက်မျိုးရှိပါတယ်။ အလျှင်စလိုလုပ်ရတဲ့ အလုပ်တွေကိ စိတ်ဝင်စားလေ့မရှိပါဘူး Taurus တွေဟာ no လို့ပြောလိုက်ရင် သူတို့ရဲ့စိတ်ကို လွယ်လွယ်ကူကူပြောင်းလဲ ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ ရိုမန့်တစ်ဆန်တဲ့ Taurus တွေ မှတ်ထားရမှာက relationship တိုင်းဟာ ညှိနှိုင်းမှုတွေ အလျှော့ပေးမှုတွေ ကိုယ်ချင်းစာမှုတွေ ကြင်နာမှုတွေ နဲ့ တည်ဆောက်ရတယ် ဆိုတာပါ။
Cancer
Cancer တွေကိုတော့ ဂဏန်းနဲ့ ကိုယ်စားပြုပါတယ်။ ဒီအခွံမာနဲ့ ဂဏန်းကပဲ သူတို့ရဲ့ romatic ဆန်မှုကို ကိုယ်စားပြုနေပါတယ်။ Cancer တွေဟာ သူတို့ရဲ့ နူးညံ့ပျော့ပြောင်းတဲ့ အတွင်းစိတ်ကို အခွံမာနဲ့ကာကွယ်ထားတတ်ကြပါတယ်။ Cancer တွေနဲ့ date လုပ်တဲ့အခါမှာ အခက်အခဲဆုံး အပိုင်းက အဲ့အမာဆုံးအခွံကို ထိုးဖောက်ပြီး သူတို့ရဲ့စိတ်ထဲကို ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ စိတ်ရှည် သည်းခံပြီး ဖြေးညှင်းစွာ လှုပ်ရှားနိုင်မှ သူတို့က သင့်ကို ၁၀၀% ယုံကြည် စိတ်ချမှာဖြစ်ပြီး သူတို့ရဲအခွံကြီးကို ပိတ်မချမှာဖြစ်ပါတယ်။ အတော့်ကို စိတ်ရှည်ရတဲ့ လူမျိုးတွေဖြစ်ပြီး တချို့သောပြသနာ အသေးအဖွဲ့လေးတွေကတောင် cancer တွေကို သူတို့ရဲ့အခွံကြီးကို ပိတ်ချပစ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်သွားတတ်ပါတယ်။ တကယ်လို့ သင်ဟာ ကံကောင်းထောက်မစွာနဲ့ သူတို့ရဲ့ အခွံကိိုထိုးဖောက်ပြီး သူတို့ရဲ့စိတ်ထဲကို ဝင်ရောက်နိုင်ခဲ့ရင်တော့ ရေဓာတ်စိုးမိုးတဲ့ သူတို့တွေဟာ သင့်ကို ငြိမ်းချမ်းစေပြီး ဘယ်သူမှ မပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ သင့်ကို ချစ်ပေးသွားမှာဖြစ်ပါတယ်။

Leave a Reply