အနုပညာနဲ့ပက်သက်ရင်စိတ်ထားတတ်ပြီး အောင်မြင်မှုကိုမမက်မောတဲ့ အဆိုတော်မနောကို ချီးကျူးအားကျတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

Celebrity Local News
အနုပညာနဲ့ပက်သက်ရင်စိတ်ထားတတ်ပြီး အောင်မြင်မှုကိုမမက်မောတဲ့ အဆိုတော်မနောကို ချီးကျူးအားကျတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနုပညာနဲ့ပက်သက်ရင်စိတ်ထားတတ်ပြီး အောင်မြင်မှုကိုမမက်မောတဲ့ အဆိုတော်မနောကို ချီးကျူးအားကျတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနုပညာနဲ့ပက်သက်ရင်စိတ်ထားတတ်ပြီး အောင်မြင်မှုကိုမမက်မောတဲ့ အဆိုတော်မနောကို ချီးကျူးအားကျတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်ကြီးရေ… သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ လူလေးချစ်စရာကောင်းသလို စကားပြောရင်လည်း အသံဝဲဝဲလေးနဲ့မို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သဉ္ဇာ နွယ်ဝင်းဟာ အခုဆိုရင် အနုပညာအလုပ်တွေမလုပ်ကိုင် တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ် ကိုင်ရင်း သားနဲ့သမီးကို အချိန်ပေးပြုစုပျိုးထောင်နေ တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သဉ္ဇာနွယ်ဝင်းက သူမအနေနဲ့ လေးစား အားကျရတဲ့ အဆိုတော် မနော အကြောင်းကို ချီးကျူး လာတာကိုတွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းက “တော်တဲ့ အထဲကိုမနောလည်းပါတယ်။ စိတ်ထားလေးကိုက
သိမ်မွေ့လို့လားမသိဘူး ရုပ်ကအကြည်ဓါတ်ရှိတယ်


အသက်အရွယ်ကြောင့်ပဲလားတော့မသိဘူး စိတ်ထား တတ်တာက တော်ရုံလူဘယ်လုပ်နိုင်ပါ့မလဲ။ အနုပညာ လောကထဲမှာ အပေါ်ယံချိုပြီး အတွင်းမှာတော့မချိုတာ တွေလည်းအများကြီးပဲ ဒါလည်းပညာတစ်မျိုးပဲပေါ့။ အနည်းဆုံးတော့ ဒီအလုပ်လုပ်ရင် ပရိတ်သတ်ချစ်မှပဲ ရေရှည်ရပ်တည်လို့ရတာ။ professional အနေနဲ့ အနုပညာလုပ်တဲ့သူဆိုရင် ပိုသတိထားရတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သဉ္ဇာနွယ်ဝင်းက အောင်မြင်မှုရဲ့ဒဏ်ကြောင့် စိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်ခဲ့ရပြီး သူလိုချင်တဲ့အရာကို ဖြစ်အောင် လုပ်ခဲ့တဲ့ အဆိုတော် မနောဟာ အနုပညာနဲ့ ပတ်သက် ရင် စိတ်ထားတတ်တယ်ဆိုပြီး ချီးကျူးစကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။