ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ဆွဲထားတဲ့ ပျော်ပွဲစား စားပွဲ

International News
ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ဆွဲထားတဲ့ ပျော်ပွဲစား စားပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ဆွဲထားတဲ့ ပျော်ပွဲစား စားပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ဆွဲထားတဲ့ ပျော်ပွဲစား စားပွဲ

ရင်ခုန်စိတ်လှုပ်ရှားချင်သူတွေအတွက် ဘရာဇီးကုမ္ပဏီတစ်ခုက ရေတံခွန်ပေါ်မှာ တွဲလောင်းချိတ်ထားတဲ့ စားပွဲဝိုင်းတစ်ခု ဖန်တီးခဲ့ပါတယ်။ အမေရိကန်ရက်ပ်ပါ OnPointLikeOp နဲ့ သူ့ချစ်သူတို့ အဲဒီစားပွဲမှာ စားသောက်နေတဲ့ ရုပ်သံမှတ်တမ်း ပျံ့နှံ့သွားပြီးနောက် ဒီအကြောင်း လူသိများလာတာပါ။

သူတို့စုံတွဲက ကာစကာတာဒါဆီပယ်တူရာ ရေတံခွန်ပေါ် တွဲလောင်းချိတ်ထားတဲ့ သစ်သားစားပွဲမှာ ဝိုင်နီနဲ့ မုန့်တွေ စားသောက်ခဲ့ကြတာပါ။ စားသောက်ပွဲဟာ ၁၅ မိနစ်ပဲ ကြာမြင့်ပြီး အမေရိကန်ဒေါ်လာ ၄၅၀ ( မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။

” ၁၅ မိနစ်ပဲ ကြာပါတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံက ရှုခင်းကြည့်ရတာ၊ အစားအစာ စားရတယ်ဆိုတာထက် အများကြီး ပိုပါတယ်”လို့ OnPointLikeOp ရဲ့ ချစ်သူ ခရစ္စတီယန်နာက ပြောပါတယ်။

OnPointLikeOp တို့ စုံတွဲကို ထိုင်ခုံနဲ့အတူ လုံခြုံရေးခါးပတ်တွေ ပတ်ထားပေးတာ တွေ့ရပါတယ်။ သူတို့ စားသောက်နေချိန်မှာ စားပွဲကို ရေတံခွန်ပေါ် ရွေ့လျားနေစပြီး ဓာတ်ပုံ၊ ဗီဒယို ရိုက်ကူးပေးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။