မာဝီကျွန်းမီးဘေးဒဏ်ခံရတဲ့သူတွေအတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းမှုနဲ့အတူ ရန်ပုံငွေရှာပေးနေတဲ့ The Rock နဲ့ အော်ဖရာဝင်းဖရေး

Celebrity International News
မာဝီကျွန်းမီးဘေးဒဏ်ခံရတဲ့သူတွေအတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းမှုနဲ့အတူ ရန်ပုံငွေရှာပေးနေတဲ့ The Rock နဲ့ အော်ဖရာဝင်းဖရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မာဝီကျွန်းမီးဘေးဒဏ်ခံရတဲ့သူတွေအတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းမှုနဲ့အတူ ရန်ပုံငွေရှာပေးနေတဲ့ The Rock နဲ့ အော်ဖရာဝင်းဖရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မာဝီကျွန်းမီးဘေးဒဏ်ခံရတဲ့သူတွေအတွက် ဒေါ်လာ ၁၀ သန်းလှူဒါန်းမှုနဲ့အတူ ရန်ပုံငွေရှာပေးနေတဲ့ The Rock နဲ့ အော်ဖရာဝင်းဖရေး

မင်းသား The Rock နဲ့ အော်ဖရာဝင်းဖရေးတို့ဟာ မာဝီကျွန်းမီးဘေးဒဏ်ခံခဲ့ရတဲ့သူတွေအတွက် ရန်ပုံငွေရှာပေးနေပါတယ်။ သူတို့နှစ်ဦးက People’ Fund of Maui ဆိုပြီး ရန်ပုံငွေရှာတဲ့ကမ်ပိန်းကို ကြာသပတေးနေ့က ကြေညာပေးခဲ့တာပါ။ ကနဦးအနေနဲ့ သူတို့နှစ်ဦးက ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့ပါတယ်။

ဒီရန်ပုံငွေတွေကို မီးဘေးဒဏ်သင့်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့သူတွေဆီ တိုက်ရိုက်ခွဲဝေပေးသွားမှာဖြစ်ပြီး လှူဒါန်းမှုကနေ ရရှိတဲ့ အသားတင်အမြတ်အစွန်းအားလုံးကို မီးဘေးဒဏ်သင့်ခံရတဲ့သူတွေဆီ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အော်ဖရာဝင်းဖရေးက သူ့ရဲ့ရည်ရွယ်ချက်က မီးဘေးဒဏ်သင့်ခံရတဲ့သူတွေအတွက် ပြန်လည်ထူထောင်မှုတွေလုပ်နိုင်ဖို့ သူတို့ကို ကူညီပေးဖို့ပါပဲလို့ ပြောပါတယ်။
People’s Fund of Maui ကို လုပ်ဆောင်ဖို့အတွက် မာဝီရဲ့လေးစားအပ်တဲ့လူထုခေါင်းဆောင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရတာကို ကျေးဇူးတင်မိတယ်လို့ The Rock က ပြောပါတယ်။ ဒီလူထုခေါင်းဆောင်တွေက မီးဘေးဒဏ်သင့်ခံရတဲ့သူတွေရဲ့လက်ထဲ ရန်ပုံငွေတွေ တိုက်ရိုက်ရောက်သွားဖို့အတွက် လမ်းညွှန်ပြသပေးသွားမယ်လို့လည်း ပြောပါတယ်။

The Rock နဲ့ အော်ဖရာဝင်းဖရေးတို့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားတဲ့ ပူးတွဲဗီဒီယိုပို့စ်တစ်ခုမှာ သူတို့ ဘာလို့ ရန်ပုံငွေရှာဖို့ လုပ်ဆောင်ဖြစ်ခဲ့လဲ၊ ဘယ်လိုကူညီရမလဲဆိုတာတွေကိုလည်း ပြောပြထားပါတယ်။ “တောမီးဘေးသင့်ဒေသမှာ နေထိုင်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အရွယ်ရောက်ပြီးသူတိုင်းက ပြန်လည်ထူထောင်ရေးကာလတစ်လျှောက် သူတို့ကိုကူညီဖို့ တစ်လကို ဒေါ်လာ ၁၂၀၀ ရရှိဖို့ အကျုံးဝင်ပါတယ်။ မင်းတို့အားလုံး လုပ်ဆောင်ပေးရမှာက လျှောက်ထားဖို့ PeoplesFundofMaui.orgကို သွားပါ”ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။

မာဝီကျွန်းတောမီးလောင်မှုကြောင့် သေဆုံးသူ ၁၁၅ ဦးအထိရှိနေပေမဲ့ လူပေါင်း ၁၁၀၀ အထိ စာရင်းမရရှိသေးဘူးလို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့က အာဏာပိုင်တွေဟာ စာရင်းပျောက်နေဆဲ လူ ၃၈၈ ဦးရဲ့အမည်စာရင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။