ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကို အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ချစ်ဇနီးနဲ့ အိမ်ထောင်သက်တမ်း အနှစ်၂၀ပြည့်သွားတဲ့ Rဇာနည်

Celebrity Local News
ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကို အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ချစ်ဇနီးနဲ့ အိမ်ထောင်သက်တမ်း အနှစ်၂၀ပြည့်သွားတဲ့ Rဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကို အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ချစ်ဇနီးနဲ့ အိမ်ထောင်သက်တမ်း အနှစ်၂၀ပြည့်သွားတဲ့ Rဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကို အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ချစ်ဇနီးနဲ့ အိမ်ထောင်သက်တမ်း အနှစ်၂၀ပြည့်သွားတဲ့ Rဇာနည်

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထက်လှုပ်ရှားမှုမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်..။ Rဇာနည်ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ၀မ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်အပြင် သမီးလေးမစ်မစ်တုန်လေးကိုပါ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

မစ်မစ်တုန်လေးဟာ အခုဆိုရင်အသက်တစ်နှစ်ပြည့် သွားပြီဖြစ်ပြီးတော့ သူမရဲ့ ပထမ ဆုံးမွေးနေ့လေးကို အိမ်မှာပဲရိုးရိုးရှင်းရှင်းလေးပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Rဇာနည်ဟာလည်း ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရ တဲ့အတွက် တိမ်းရှောင်ပြီး အမေရိကန်နိုင်ငံမှာ မိသားစုလိုက်အခြေချနေတာပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ အဆိုတော် Rဇာနည်ကတော့ သူတို့ ရဲ့ အိမ်ထောင် သက်တမ်းဟာ အနှစ်(၂၀) ရှိခဲ့ပီလို့ ပြောပြလာတာ ပဲဖြစ်ပါတယ် Rဇာနည်က “ချစ်ရတဲ့မိန်းမ ရေ MyatThinzar KyawOnee ဘဝရဲ့အနှိမ့်အမြင့်အတတ်အကျကြားမှာ ခက်ခက်ခဲခဲ အတူရင်ဆိုင်ဖြတ်သန်းခဲ့တာ ဒီနေ့ အနှစ် ၂၀ တိုင်ခဲ့ပြီ အဲ့တော့ ကောင်းတာရောမကောင်းတာရော ဝေဖန်ပြောဆိုနေကြတဲ့ လောကကြီးအလယ်မှာ ဆိုးတူကောင်း ဖက် လိပ်ပြာသန့်သန့်နဲ့ ရင်ဆိုင်ပျံသန်းကြတာပေါ့နော့် မိန်းမက ယောင်္ကျားရဲ့ တစ်ဦးတည်းသော ဝမ်းပါ That’s call “ဆိုပြီးစာသားလေးနဲ့ ပရိသတ် သိအောင် ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။