ခြေထောက်နာကျင် တတ်သူများအတွက် နည်းလမ်းကောင်းတွေ

Health Knowledge
ခြေထောက်နာကျင် တတ်သူများအတွက် နည်းလမ်းကောင်းတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေထောက်နာကျင် တတ်သူများအတွက် နည်းလမ်းကောင်းတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေထောက်နာကျင် တတ်သူများအတွက် နည်းလမ်းကောင်းတွေ

သင်ဟာ ငြိမ်ငြိမ်လေးထိုင်နေတာတောင် ရုတ်တရက်ကြီး ခြေထောက်က ကြွက်တတ်သလို တဒုတ်ဒုတ်နဲ့ နာကျင်တာတွေဖြစ်ဖူးကြတယ်မလား။ တစ်ခါတလေ ညဘက် အိပ်စက်နေချိန်မှာ ခြေထောက်နာလာလို့ အိပ်ရေပျက်တာတွေဖြစ်လာရပါတယ်။

ခြေထောက်ရောဂါလို့ခေါ်တဲ့ Restless Leg Syndrome လက္ခဏာရပ်တွေဖြစ်ပါတယ်။ အဲဒီလိုလက္ခဏာရပ်တွေက အကြောင်းပြချက်မရှိဘဲ နာကျင်ရတာဖြစ်ပါတယ်။ ခြေထောက်နာကျင်တာတွေကို သက်သာသွားစေဖို့ဆိုရင် အိမ်တွင်းနည်းလမ်းတချို့ရှိပါတယ်။ အဲဒီနည်းလမ်းတွေက

မဂ္ဂနီစီယမ်စားသုံးမှုပမာဏကို တိုးမြှင့်ပေးပါ

သင့်ခြေထောက်နာကျင်တာ၊ ကြွက်တတ်တာတွေက သတ္တုဓာတ်လိုအပ်တာကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်စေတဲ့သတ္တုဓာတ်ဖြစ်တဲ့ ကယ်စီယမ်ဓာတ်ကို စားသုံးကြပေမယ့် ကျွန်တော်တို့အများစုက မဂ္ဂနီစီယမ်ပမာဏတော့ နည်းပါးပါတယ်။

မဂ္ဂနီစီယမ်ကလည်း ကြွက်သားကျန်းမာရေးနဲ့ အရိုးသန်မာကြံ့ခိုင်စေဖို့အတွက် အရေးပါပါတယ်။ မဂ္ဂနီစီယမ်ဓာတ်မရှိရင် မလိုလာအပ်တဲ့ ခြေထောက်နာကျင်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ပမာဏကို တိုးမြှင့်အောင်လုပ်ပါ။ အဲဒီဓာတ်က ခြေထောက်နာကျင်တဲ့ရောဂါတွေကို သက်သာသွားစေနိုင်ပါတယ်။ ဒါပေမဲ့ မဂ္ဂနီစီယမ်ပမာဏများလွန်းသွားရင်လည်း အစာခြေပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် အထူးဂရုပြုသင့်ပါတယ်။

အပူ/အအေးကပ်ပေးပါ

ခြေထောက်ရောဂါက ခြေထောက်တင်းမာပြီး တဆစ်ဆစ်နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် နာကျင်တဲ့နေရာမှာ အပူ၊ အအေးကပ်ပေးတာက နာကျင်မှုကို ပြေလျော့သွားစေနိုင်ပါတယ်။

လေးလံတဲ့စောင်တွေကို အသုံးပြုပေးပါ

နောက်ထပ်အသုံးဝင်တဲ့နည်းက ခြေထောက်နာကျင်တာကို ဆန့်ကျင်သလိုဖြစ်စေတဲ့ လေးလံတဲ့စောင်တွေကို အသုံးပြုကြည့်တာပါပဲ။ ဒါက အကောင်းဆုံးနည်းမဖြစ်နိုင်ပေမယ့် ခြေထောက်နာကျင်တာနဲ့ စမ်းသပ်တဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာသွားစေနိုင်ပါတယ်။ ညအိပ်တဲ့အခါ ခြေထောက်ကို စောင်အထူကို ခြုံပေးသင့်ပါတယ်။ ခြေထောက်နွေးထွေးအောင် လုပ်တာကလည်း ခြေထောက်နာကျင်တာတွေကို သက်သာသွားစေနိုင်ပါတယ်။

နို့ထွက်ထုတ်ကုန်နဲ့ ကဖင်းဓာတ်တွေကို ရှောင်ပါ

ခြေထောက်နာကျင်တာက ညနေ့ပိုင်းနဲ့ ညပိုင်းတွေမှာ ပိုပြီးဆိုးရွားပါတယ်။ နို့ထွက်ထုတ်ကုန်တွေက ခြေထောက်နာကျင်တဲ့ အခြေအနေကို ဆိုးရွားစေနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါကြောင့် တဆစ်ဆစ်နာကျင်တာကို သက်သာသွားစေဖို့အတွက် ကဖင်းဓာတ်၊ နို့ထွက်ပစ္စည်း၊ သကြားတွေလို အစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ နာကျင်တာတွေကို သက်သာသွားဖို့အတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။