တစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကို ငါးမျှားချိတ်မှာ ချိတ်မိခဲ့ပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ

International News
တစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကို ငါးမျှားချိတ်မှာ ချိတ်မိခဲ့ပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကို ငါးမျှားချိတ်မှာ ချိတ်မိခဲ့ပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကို ငါးမျှားချိတ်မှာ ချိတ်မိခဲ့ပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့သူ

ကွန်နာတို့ သားအဖအတွက်တော့ တစ်သက် မမေ့စရာကောင်းတဲ့ ငါးမျှားခရီးစဉ်ပါပဲ။ သူတို့သားအဖက အမေရိကန်နိုင်ငံရဲ့ ဆဋ္ဌမအကြီးဆုံး ရေချိုကန်ကြီးဖြစ်တဲ့ Lake of the Woods ကို ငါးမျှားထွက်ကြရင်း ပိုက်ဆံအိတ်တစ်လုံးကို ငါးမျှားချိတ်နဲ့ ချိတ်မိခဲ့တာပါ။
ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ ၂၀၀၀ ပါတယ်။ လိပ်စာကတ်တစ်ခုလည်း တွေ့တယ်။ သူတို့က ပိုက်ဆံတွေကို ခြောက်သွေ့သွားအောင် နေလှန်းပြီး ပိုင်ရှင်ထံ ပြန်ပေးဖို့ ကြိုးစားတယ်။ လိပ်စာကတ်အရ ပိုင်ရှင်နေတဲ့ နေရာဟာ သူတို့နဲ့ မိုင် ၆၀၀ လောက် ဝေးတယ်။ အဲဒီပိုက်ဆံအိတ်ပိုင်ရှင်က ဂျင်ဒန်နီပါ။ သူဟာ လွန်ခဲ့တဲ့နှစ်က Lake of the Woods ရေအိုင်ကို ငါးလာမျှားရင်း ပိုက်ဆံအိတ် ပျောက်သွားခဲ့တာပါ။

ကွန်နာတို့ သားအဖက ဂျင်ဒန်နီကို လှမ်းဆက်သွယ်ရင်း ပိုက်ဆံအိတ်အကြောင်း ပြောပြတယ်။ ဂျင်ဒန်နီက ကျေးဇူးတင်လွန်းလို့ ငွေတချို့ပေးပေမဲ့ ကွန်နာတို့သားအဖက ငြင်းခဲ့တယ်။ ဂျင်ဒန်နီကတော့ တစ်နေ့ကျရင် ဟယ်လ်ဆာကွန်နာကို သူ့မြေးအဖြစ် မွေးစားသွားမယ်လို့ ဆိုပါတယ်။

Lake of the Woods ရေအိုင်ဟာ Yellowstone အမျိုးသားဥယျာဉ် အရွယ်အစားတစ်ဝက်ရှိပြီး ၁၆၇၉.၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။