အပြင်ရုပ်နဲ့တစ်ထပ်တည်းကျအောင် ရုပ်ပြောင်ပုံတွေ ဖန်တီးတဲ့ ပန်းချီပညာရှင်ရဲ့လက်ရာများ

International News
အပြင်ရုပ်နဲ့တစ်ထပ်တည်းကျအောင် ရုပ်ပြောင်ပုံတွေ ဖန်တီးတဲ့ ပန်းချီပညာရှင်ရဲ့လက်ရာများ

ရုပ်ပြောင်ပန်းချီပညာဟာ ရာစုနှစ်များစွာကတည်းက နာမည်ကြီးခဲ့တာပါ။ ဒီပန်းချီဆရာရဲ့ရုပ်ပြောင်ပန်းချီလက်ရာတွေကလည်း ပြောင်မြောက်လှပါတယ်။ အပြင်ရုပ်နဲ့ တစ်ထပ်တည်းကျအောင် ရုပ်ပြောင်ပုံတွေဖန်တီးနိုင်ပါတယ်။ သူကတော့ ဂျော့ဂျ် ဂျီ ဝီလျံဆိုသူပါ။

ဂျော့ဂျ်က ပွဲအခမ်းအနားအမျိုးမျိုးအတွင်း ဟာသမြောက်တဲ့ ရုပ်ပြောင်ပုံတွေကို ဆွဲပေးတာပါ။ တက္ကသိုလ်တတ်တဲ့နှစ်အထိ ရုပ်ပြောင်ဆိုတဲ့ စာလုံးကို ဘယ်လိုပေါင်းရမလဲမသိခဲ့ပေမဲ့ သူ့ဘဝတစ်လျှောက်လုံး ရုပ်ပြောင်ပုံဆွဲနေခဲ့တာပါ။

ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ သူ့တက္ကသိုလ်ဘွဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အယ်ဒီတာ့အာဘော်ရုပ်ပြောင်ကို လေ့လာခဲ့တာပါ။ သူ ပထမဆုံးရုပ်ပြောင်ပုံတူအနေနဲ့ကတော့ ကျောင်းမှာ ဆရာ/ဆရာမတွေကို အခကြေးငွေနဲ့ ဆွဲခဲ့တာပါ။ ဒီလိုရုပ်ပြောင်ပုံတွေကို ပရော်ဖက်ရှင်နဲ့ကျကျဆွဲနိုင်ဖို့ တက္ကသိုလ်မှာ ၄ နှစ်၊ သရုပ်ဖော်ပုံလေ့လာခဲ့ပြီး အဲဒီနောက် ၃၂ နှစ် တိုးတက်လာအောင်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။