ရှောက်ရွက်အစွမ်းအံ့မခန်း

Health Knowledge
ရှောက်ရွက်အစွမ်းအံ့မခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှောက်ရွက်အစွမ်းအံ့မခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှောက်ရွက်အစွမ်းအံ့မခန်း

မြန်မာလဆန်းရက်-မှာ ရှောက်ရွက်ကို စားထားရင် အဲဒီ တစ်လလုံး လေမဖြတ်တော့ဘူးလို့ ရှေးရိုးစကား ရှိပါတယ်

ရှောက်ရွက်ကို ကြက်သွန်ဖြူ ၊ ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီး အမြဲတမ်း သောက်ပေးရင် လေငန်းရောဂါ ပျောက်ပါတယ်

ဒါတင်ပဲလား?

မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင် ကူညီပေးပါတယ်

တစ်ပတ်ကို ၃/၄ ကြိမ် စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီးသူ့အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျှော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ် ခံနေရသူများ အထူးစားသုံးသင့်ပါတယ်

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း ရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက် မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်

အဝလွန်၊ အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေး ရင်ချီ စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင် ဖြစ်ချင်ရင်တော့လွယ်ပါတယ်

ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကို ထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊ လုံအောင်ပိတ်ပြီး နေပူပူမှာ (၁၁) ရက်လောက် နေလှန်းလိုက်ပါ ။

ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (ပုလင်းလှုပ်ပြီး)လက်ဖက် ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လ နှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေး ရသွားပါလိမ့်မယ်

ဒါ့အပြင် အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ်တာတွေလည်း မဖြစ်တော့ပါဘူး

အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ

အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ

အသုတ်တွေထဲမှာလှီးထည့်ပြီး စားကြပါ

ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့

ချမ်းသာ ကိုယ် စိတ်မြဲပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။