အမြင့်ပေ ၂၀၀၀ နီးပါးက ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ တောင်တက်သမား

International News
အမြင့်ပေ ၂၀၀၀ နီးပါးက ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ တောင်တက်သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြင့်ပေ ၂၀၀၀ နီးပါးက ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ တောင်တက်သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမြင့်ပေ ၂၀၀၀ နီးပါးက ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ တောင်တက်သမား

တောင်တက်သမားတစ်ယောက်ဟာ အမြင့်ပေ ၂၀၀၀ နီးပါးရှိတဲ့ တောင်ပေါ်ကနေ ပြုတ်ကျခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ သူဟာ တာရာနာကီတောင်ပေါ် တက်ရောက်ခဲ့တဲ့ တောင်တက်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းက အမြင့်ပေ ၁၉၆၈ ပေရှိတဲ့ တောင်စောင်းကနေ ပြုတ်ကျခဲ့တာပါ။

နွေဦးကာလဖြစ်လို့ ရေခဲတွေပျော်ပြီး ဆီးနှင်းဖုံးလွှမ်းနေချိန်မှာ ဆီးနှင်းပေါ် ပြုတ်ကျခဲ့လို့ တောင်တက်သမား အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ နယူးဇီလန် ရဲတပ်ဖွဲ့က ဆိုပါတယ်။ တောင်တက်သမား ပြုတ်ကျခဲ့တဲ့ အမြင့်ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်လုံးဖြစ်တဲ့ ဆော်ဒီနိုင်ငံမှ မက်ကာကလော့တော်ဝင်တာဝါရဲ့ အမြင့်နဲ့ အတူတူပါပဲ။

တာရာနာကီတောင်ဟာ မီးတောင်thayဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ လူthayဆုံးမှုအများဆုံးတောင်အဖြစ် ကျော်ကြားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။