ဆည်ကျိုးပြီး ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲဝင်လာလို့ လစ်ဗျားမှာ လူ ၅ထောင်ကျော် thayဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေ

International News
ဆည်ကျိုးပြီး ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲဝင်လာလို့ လစ်ဗျားမှာ လူ ၅ထောင်ကျော် thayဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆည်ကျိုးပြီး ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲဝင်လာလို့ လစ်ဗျားမှာ လူ ၅ထောင်ကျော် thayဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆည်ကျိုးပြီး ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲဝင်လာလို့ လစ်ဗျားမှာ လူ ၅ထောင်ကျော် thayဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေ

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဒါနာဆိပ်ကမ်းမြို့မှာ မုန်တိုင်းတိုက်လို့ ဆည်ကျိုးပြီး ရေဖုံးလွှမ်းခဲ့လို့ လက်ရှိရှာဖွေ့တွေ့ရှိမှုအရ လူ ၅၀၀၀ကျော် thayဆုံးပြီး လူသောင်းချီ ပျောက်ဆုံးနေပါတယ်။ ကျွမ်းကျင်တဲ့ ရေ/သန့် အင်ဂျင်နီယာတွေရဲ့ ပြောကြားချက်အရ ဒါနာမြို့နဲ့ ၈ မိုင်ကွာဝေးတဲ့ ဆည်ကျိုးပြီး တောင်ကြားတစ်လျှောက် ရေတွေစီးဆင်းလာကာ မြို့နားက ဆည်ထံကို ရေတွေ စုဝေးလာခဲ့တာလို့ ဆိုပါတယ်။

မြို့နားက ဆည်ကျိုးချိန်မှာ ဆူနာမီလှိုင်းလို ရေလုံးကြီးတွေ မြို့ထဲ ဝင်ရောက်လာပြီး လူတွေရော၊ ကားတွေပါ ရေစီးနဲ့အတူ မျောပါသွားခဲ့ကြတာပါ။
သူနာပြု မလုံလောက်တဲ့ ပြဿနာကြုံနေရလို့ ဆေးဘက်ဆိုင်ရာ ပညာရပ် ပြီးမြောက်ထားတဲ့ လစ်ဗျားလူငယ်တွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ လုပ်အားပေးအဖွဲ့က တောင်းဆိုထားပါတယ်။

အမေရိကန်၊ ဂျာမနီ၊ ကာတာ၊ တူရကီ၊ အီတလီ၊ အီရန်နိုင်ငံတွေက ရေဘေးသင့် ဒါနာမြို့ထံ အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းပေးပို့ခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။