Barbie ရဲ့ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံ ရောက်ရှိခဲ့လို့ အမျိုးသမီးဒါရိုက်တာတစ်ကိုယ်တော်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်လာ

Celebrity International News
Barbie ရဲ့ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံ ရောက်ရှိခဲ့လို့ အမျိုးသမီးဒါရိုက်တာတစ်ကိုယ်တော်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Barbie ရဲ့ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံ ရောက်ရှိခဲ့လို့ အမျိုးသမီးဒါရိုက်တာတစ်ကိုယ်တော်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Barbie ရဲ့ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံ ရောက်ရှိခဲ့လို့ အမျိုးသမီးဒါရိုက်တာတစ်ကိုယ်တော်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်လာ

အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ Barbie ဇာတ်ကားက Box Office မှာ ဒေါ်လာ ၁ ဘီလျံကျော်သွားခဲ့ပါပြီ။ အခုဆို ဒါရိုက်တာ ဂရီတာ ဂါဝစ်ဂျ်ဟာ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံရောက်ရှိနိုင်ခဲ့တဲ့ Barbie ကို ရိုက်ကူးခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒါရိုက်တာဖြစ်လာခဲ့ပါတယ်။

Box Office ဝင်ငွေကို ခြေရာခံတဲ့ ရုပ်ရှင်လုပ်ငန်း ဒေတာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ The Numbers ရဲ့အဆိုအရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားသော ဇာတ်ကား ၅၀ ရှိပေမဲ့ အဲဒီဇာတ်ကားတွေအနက် ၃ ကားပဲ အမျိုးသမီးဒါရိုက်တာက ပူးတွဲရိုက်ကူးခဲ့တာပါ။ အဲဒီဇာတ်ကားတွေက Jennifer Lee နဲ့ Chris Buck တို့ ပူးတွဲရိုက်ကူးတဲ့ Frozen နဲ့ Frozen II ၊ Anna Boden နဲ့ Ryan Fleck တို့ ပူးတွဲရိုက်ကူးတဲ့ Captain Marvel ဇာတ်ကားတွေပါပဲ။

Patty Jenkins ရိုက်ကူးခဲ့တဲ့ “Wonder Woman” ဟာ 2017 ခုနှစ်က Box Office မှာ ကမ္ဘာတစ်ဝှမ်း စုစုပေါင်း ဒေါ်လာ ၈၁၇.၇ သန်းအထိ ရောက်ခဲ့တာပါ။

ဇူလိုင်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ “Barbie” ဟာ ရုံတင်တဲ့ ပထမပတ်အတွင်း ပြည်တွင်းမှာ ရုံတင်ငွေ ဒေါ်လာ ၁၆၂ သန်းရရှိခဲ့တယ်လို့ The Numbers က ဖော်ပြခဲ့ပါတယ်။ ဒုတိယအပတ်မှာတော့ ပြည်တွင်းမှာ ဒေါ်လာ ၃၅၁ သန်း၊ နိုင်ငံတာမှာ ဒေါ်လာ ၄၂၃.၁ သန်း ရောက်ရှိခဲ့တာပါ။ ပထမ ၂ ပတ်အတွင်း ရုံတင်ငွေ ၂ ခုလုံးပေါင်းလိုက်ရင် ဒေါ်လာ ၇၇၄.၁ သန်းဝင်ခဲ့ပါတယ်။

Mattel ကုမ္ပဏီရဲ့ Barbie ရုပ်တွေအကြောင်း အခြေခံထားရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားမှာ Margot Robbie နဲ့ Ryan Gosling တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။