“အဘပြောပြတဲ့ကြော်လေးကြော်ယတြာ”

Astrology
“အဘပြောပြတဲ့ကြော်လေးကြော်ယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အဘပြောပြတဲ့ကြော်လေးကြော်ယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အဘပြောပြတဲ့ကြော်လေးကြော်ယတြာ”

ကျွန်တော့် မိတ်ဆွေတွေ အနေနဲ့…ပြောတိုင်းဆိုတိုင်း ကိစ္စမှန်သမျှ အောင်မြင်ချင်တာတို့ပဲ ဖြစ်ဖြစ် ၊အကြပ်အတည်း အခဲအခက် ကိစ္စတွေအောင်မြင်ချင်တာတို့ပဲ ဖြစ်ဖြစ် ၊ဘေးဘယာကိစ္စများ ကင်းဝေးချင်တာတို့ပဲ ဖြစ်ဖြစ် ၊ပိတ်ဆို့နေတဲ့ “ဘူ” တွေများ ပွင့်ထွက်သွားပြီး “လာဘ်လာဘ”များပွင့်လန်းချင်တာတို့ပဲဖြစ်ဖြစ်-

(၁)ပြောတိုင်း ဆိုတိုင်းအောင်မြင်တယ်ဆိုရင်”ငှက်ပျောကြော်” ကိုမှတ်ထားပါ ။

(၂)အကြပ်အတည်း အခက်အခဲကိစ္စမှန်သမျှကို ” ကြက်သွန်ကြော်” ကို မှတ်ထားပါ ။

(၃)ဘေးဘယာများ ကင်းဝေးချင်တယ် ဆိုရင်”ဘယာကြော်”လို့မှတ်ထားပါ ။

(၄)ပိတ်ဆို့နေတဲ့ ဘူသမားတွေ လာဘ်လာဘ များများ၀င်ချင်တယ်ဆိုရင်”ဘူးသီကြော်” လို့မှတ်ထားပါ ။

အဲဒီလို အခက်အခဲ ကိစ္စမှန်သမျှအားလုံး တွေကို “ကြော်” လေးကြော် ဖြစ်တဲ့(ငှက်ပျောကြော်) ၊ (ကြက်သွန်ကြော်)(ဘယာကြော်) ၊ (ဘူးသီးကြော်) ၊အစရှိတဲ့ “အကြော်​‌လေးကြော်”ကို မိမိမွေးနေ့နံနက် ၉:၄၅နာရီတွင်နေအိမ်ဘုရားမှာကပ်လှူတမ်းပေးပြီး အခက်အခဲကိစ္စမှန်သမျှ အမြန်ပျောက်ကင်းပါစေ လို့ဆုတောင်းပေးလိုက်ရုံနဲ့ အားလုံးအဆင်ပြေလို့ အမြန်ဆုံး အောင်မြင်သွားပါလိမ့်မယ် ။

မှတ်ချက် ။ ။အမျိုးသားများ လှူဒါန်းပြီးပြီဆိုပါက ကြေးစည်တီးပြီး ဆုတောင်းပေးပါ ။အမျိုးသမီးများ လှူဒါန်းပြီးစီးပါကခေါင်းလောင်းထိုးပြီး ဆုတောင်းပေးပါ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။