အိမ်ကိုအဝင်အထွက်ရှိနေတဲ့ နီးနီးကပ်ကပ်လူရင်းထဲကပဲ ကျပ်သိန်း(၇၀၀) နီးပါးခန့်ခိုးယူသွားကြောင်း ရင်ဖွင့်လာတဲ့ မေပန်းချီ

Celebrity Local News
အိမ်ကိုအဝင်အထွက်ရှိနေတဲ့ နီးနီးကပ်ကပ်လူရင်းထဲကပဲ ကျပ်သိန်း(၇၀၀) နီးပါးခန့်ခိုးယူသွားကြောင်း ရင်ဖွင့်လာတဲ့ မေပန်းချီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ကိုအဝင်အထွက်ရှိနေတဲ့ နီးနီးကပ်ကပ်လူရင်းထဲကပဲ ကျပ်သိန်း(၇၀၀) နီးပါးခန့်ခိုးယူသွားကြောင်း ရင်ဖွင့်လာတဲ့ မေပန်းချီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ကိုအဝင်အထွက်ရှိနေတဲ့ နီးနီးကပ်ကပ်လူရင်းထဲကပဲ ကျပ်သိန်း(၇၀၀) နီးပါးခန့်ခိုးယူသွားကြောင်း ရင်ဖွင့်လာတဲ့ မေပန်းချီ

ပရိသတ်ကြီးရေ… သရုပ်ဆောင်မေပန်းချီကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မေပန်းချီက ဇာတ်ကားရိုက်ကူးမှု တွေထက် အွန်လိုင်း Live Sale တွေရောင်းချကာ အလုပ်လုပ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပန်းချီက သူမရဲ့ လူရင်းထဲက ကျပ်သိန်း(၇၀၀) နီးပါးခန့် ခိုးယူသွားကြောင်း ရင်ဖွင့်လာပါတယ်။

မေပန်းချီက “စည်းကမ်းသည် လူ၏တန်ဖိုး ကတိ ဆို တာလဲ လူရဲ့တန်ဖိုး တစ်ပါးသူ ပစ္စည်း ဆို အပ်တိုတစ် ချောင်းကအစ တန်ဖိုးထားတတ်ရတယ်။ ရေးရရင် ရှည် နေပါအုံးမယ် … သိန်း(၇၀၀)အမျှ အမျှ အမျှ ဘယ်သူ့ကိုမှ by nameမစွပ်စွဲ ထားဘူး။ ဘာတွေဖြစ်မေးပေးအုံး။ လောင်ဖို့လဲ ထားပါအုံး © Edit/စောင့်ကြည့်နေတာ မဟုတ်ဘူးဟေ့ unfri လဲမလုပ်ထားတဲ့အတွက် နင်ရေး လိုက်တိုင်း cb မှာ လာလာမေးသမျှ ပြန်ရှင်းပြနေရတဲ့ ငါ့ကိုအားနာအုံး။ ရှင်းပြရင်တောင် ဘောင်ထဲက ပဲရှင်းပြ တယ် ။

မိကောင်းဖခင်သားသမီးမို့။ အခုဈေးနဲ့ သိန်း၇၀၀နီးနီး အခိုးခံရပါတယ် အိမ်ကိုအဝင်အထွက်ရှိ တဲ့ သူတိုင်းကို စစ်ပါ တယ် ယဉ်ကျေးစွာနဲ့ပဲ အကုန်မေး မြန်ပါတယ် ရဲ စခန်းလဲ မသွားပါဘူး စိတ်ကိုဖြေနိူင်သမျှ ဖြေပါတယ်။ ကျွန်မလဲ ကျွန်မ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံမို့ နှမြောပါတယ်။ သို့သော်တရားနဲ့ပဲဖြေပါတယ် by name တတ်ပြီးလဲ မစွပ်စွဲဘူး။

ဒါပေမဲ့ ကိုယ့် ဘေးက ခွါသွားတဲ့ သူက စာတွေ တင်တင်နေတော့ တင်လိုက် တိုင်းဘာဖြစ်ကျတာလဲ ဘာဖြစ်ကျတာလဲ လာလာ မေး ကြတိုင်း ပြန်ရှင်းပြနေတာနဲ့တင် ကျွန်မ ရင်နာရပါ တယ်။ ဖြေနေရတာ ကျွန်မ ပြသနာကိုလာလာစွ သလို အနာတရ ဖြစ်ရတယ်။

ဒီလောက်ပါပဲ ဘယ်သူ ဘယ်ဝါ ယူပါတယ်လို့ ကျွန်မ စွပ်စွဲ ထားတာမရှိသလို ဒီလောက်ငွေ အမောက်မို့ ကျွန်မ မေမြန်းပိုင်ခွင့်တော့ရှိ တယ်ထင်ပါတယ်။ အခုလဲ မေ့မေ့ပျောက်ပျောက် နေ နေတိုင်း ထထကောက်တက်တဲ့ ပိုစ့်တွေကြောင့် cb မှာ လာလာမေးသမျှ ပြန်ရှင်းပြနေရတာနဲ့တင် အသက်ထွက်ချင်နေပါပြီ” ဆိုပြီး ပြောလာခဲ့ပါတယ်။

မေပန်းချီကတော့ သူမအနေနဲ့ ပင်ပင်ပန်းပန်းရှာဖွေထား တဲ့ ပိုက်ဆံတွေကို နှမြောပေမယ့် တရားနဲ့ဖြေပြီး ဘယ် သူ့ကိုမှ နာမည်တပ်ပြီး မစွပ်စွဲဘူးလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ငွေတွေက ယူသွား တဲ့သူက ဖေ့စ်ဘုတ်မှာ စာတွေ တင်ပြီးရေးနေတာ ကြောင့် ပြဿနာကို လာစွသလိုဖြစ်နေတယ်လို့ ရေးသားလာတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။