အချိန်တွေအကြာကြီးနေပြီးမှပြန်လည်မြင်တွေ့ခွင့်ရတဲ့ rock ဘုရင်ကြီး နှစ်ပါးဖြစ်တဲ့ လေးဖြူနှင့်အငဲ

Celebrity Local News
အချိန်တွေအကြာကြီးနေပြီးမှပြန်လည်မြင်တွေ့ခွင့်ရတဲ့ rock ဘုရင်ကြီး နှစ်ပါးဖြစ်တဲ့ လေးဖြူနှင့်အငဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချိန်တွေအကြာကြီးနေပြီးမှပြန်လည်မြင်တွေ့ခွင့်ရတဲ့ rock ဘုရင်ကြီး နှစ်ပါးဖြစ်တဲ့ လေးဖြူနှင့်အငဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချိန်တွေအကြာကြီးနေပြီးမှပြန်လည်မြင်တွေ့ခွင့်ရတဲ့ rock ဘုရင်ကြီး နှစ်ပါးဖြစ်တဲ့ လေးဖြူနှင့်အငဲ

ပရိသတ်ကြီးရေ.. လေးဖြူနဲ့ အငဲလို့ ဆိုလိုက်တာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို တိုးဝှေ့ ရိုက်ခတ်စေတဲ့ သီချင်းတွေရဲ့ ပိုင်ရှင်အဖြစ် မြင်ယောင်မိ ကြမယ်ထင်ပါတယ်နော်။ လေးဖြူနဲ့ အငဲတို့ဟာ Iron Cross Band နဲ့အတူတူ သီချင်းတွေကို နှစ်ပေါင်းသုံး ဆယ်ကျော် သီဆိုခဲ့ပြီး အသက်အရွယ်တစ်ခုရောက်ရှိ လာချိန်မှာတော့ သီချင်းသစ်တွေထွက်ရှိလာခြင်းလည်း မရှိတော့ပါဘူး။

ပြီးခဲ့တဲ့နှစ်တွေမှာတော့အငဲနဲ့ လေးဖြူတို့ဟာ တစ်နှစ် ကို အနည်းဆုံးတစ်ခါ ပရိသတ်တွေကို ဖျော်ဖြေပွဲ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်လာတဲ့အချိန် မှာ သူတို့ရဲ့ အသက်အရွယ်ကြောင့်ရော ကျန်းမာရေး ကြောင့်ပါ ပရိသတ်နဲ့ ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ရှေ့ကိုရောက်မလာပေမယ့် ကော်ဖီဆိုင်တစ် ဆိုင်က သူတို့ရဲ့ဆိုင်ကို အလည်လာတဲ့ လေးဖြူနဲ့ အငဲ တို့ရဲ့ ပုံရိပ်ကို မျှဝေလာတာကြောင့် ပရိသတ်ကြီး အလွမ်းပြေကြည့်နိုင်ဖို့ ပြန်လည်ဖော်ပြလိုက်ပါတယ် နော်။

အငဲနဲ့ လေးဖြူတို့ကတော့ ဇရာကို မလွန်ဆန်နိုင်တာ ကြောင့် ပရိသတ်တွေမမြင်ရတဲ့ နှစ်အနည်းငယ်အတွင်း မှာ အသက်အရွယ်တွေ သိသာစွာကြီးသွားခဲ့ပြီပဲဖြစ်ပါ
တယ်။ပရိသတ်ကြီးလည်း Rockဘုရင်ကြီးနှစ်ပါးဖြစ်တဲ့ အငဲနဲ့ လေးဖြူတို့ရဲ့ ပုံရိပ်ကို ကြည့်ရှုကျေနပ်ကြမယ်လို့ ထင်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။