မင်းသမီးချောရတနာရဲ့ ပါးရိုက်တဲ့အခန်းမှာ ပီပြင်တဲ့ရိုက်ချက်ကြောင့် မျက်ရည်ကျရတဲ့ထိ သရုပ်ဆောင်ပီပြင်ခဲ့တာပါဆိုတဲ့ August Moe

Celebrity Local News
မင်းသမီးချောရတနာရဲ့ ပါးရိုက်တဲ့အခန်းမှာ ပီပြင်တဲ့ရိုက်ချက်ကြောင့် မျက်ရည်ကျရတဲ့ထိ သရုပ်ဆောင်ပီပြင်ခဲ့တာပါဆိုတဲ့ August Moe

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသမီးချောရတနာရဲ့ ပါးရိုက်တဲ့အခန်းမှာ ပီပြင်တဲ့ရိုက်ချက်ကြောင့် မျက်ရည်ကျရတဲ့ထိ သရုပ်ဆောင်ပီပြင်ခဲ့တာပါဆိုတဲ့ August Moe ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းသမီးချောရတနာရဲ့ ပါးရိုက်တဲ့အခန်းမှာ ပီပြင်တဲ့ရိုက်ချက်ကြောင့် မျက်ရည်ကျရတဲ့ထိ သရုပ်ဆောင်ပီပြင်ခဲ့တာပါဆိုတဲ့ August Moe

ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ် လက်လို့လည်း ဆိုရမှာပါ။ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရ လောက်အောင်နုပျိုလှပနေတဲ့သူပါ။ August မိုးကတော့ ‘လောင်’ ဇာတ်လမ်းတွဲထဲမှာ ချောရတနာရဲ့ သမီးနေရာကနေပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မချောက သရုပ်ဆောင်တာအရမ်းတွဲခေါ်ပေးတယ်။ ဘယ်နေရာက လိုတယ်ဆိုလိုတယ်ပြောတယ်။ မချောက မိုးမကောင်းတဲ့နေရာဆို ရင် သမီးဒါလုပ်တာမကောင်းဘူး ပြန်လုပ်ဆိုပြီး သင်ပေးတယ်။ မိုး ဘဝမှာ ပါးတစ်ခါမှမရိုက်ခံရဖူးဘူး။ မချောနဲ့ ပါးရိုက်တဲ့အခန်းတစ် ခန်းပါတော့ အဲ့အခန်းကို ၃ ခါလောက်ရိုက်ပြီးပြန်ကြံည့်တာ ပါးက တစ်ကယ်မရိုက်တော့ သရုပ်ဆောင်တာ သိပ်မရောက်ဘူး ဒါရိုက်တာကလဲမကြိုက်ဘူး
ကိုယ့်ဟာကိုယ်လဲမကြိုက်ဘူးဆိုတော့မိုးကမချောကို အမတကယ်ရိုက်လိုက်တော့ဆိုပြီးပြောလိုက်တယ်။

တကယ်ရိုက်လိုက်တဲ့အချိန်မှာမှ မျက်ရည်တွေပါကျပြီး အရမ်းမိုက် သွားတာ။ ညီမက အရိုက်အမြဲမခံရဘူး။ အော်ငေါက်တဲ့အခန်းပိုပါ တယ် အဲလိုအော်ငေါက်ရင်တောင်မခံနိုင်ဘူး။ အသဲအရမ်းနုတယ်။ ပါးရိုက်တဲ့အခန်းဆိုရင် တကယ်အရိုက်မခံရတဲ့ အချိန်တုန်းက သရုပ်ဆောင်တာကအရမ်းမရောက်ဘူး တကယ်လဲအရိုက်ခံရရော mood ကလုံးဝပြောင်းသွားတယ်။ ပါးရိုက်လိုက်တဲ့အချိန်မှာ မျက်ရည်တွေပါစို့တတ်လာပြီးတော့ စကားပြောတဲ့ အသံတွေ flowတွေကအစပြောင်းသွားတာ။

အဆူခံရတာအငေါက်ခံရတာလုံးဝမကြိုက်လို့တောင်ဒါရိုက်တာမ ဘုံကို သမီးဆိုးကားထဲက အမကိုပြောထားရတယ်။ အမလို့ ညီမ အိုက်တင်လုပ်တာမရောက်ရင်အရမ်းမဆူနဲ့နော်ဆိုပြီး။ ညီမကအဲလို ဆူလိုက်ရင် ပိုမှားတယ် ကိုယ့်ကိုကိုယ် ဘာတွေလုပ်နေမှန်းကိုမသိ တော့ဘူး။ အရမ်းချောတဲ့ August မိုးရဲ့ ‘လေင်ာ’ ဇာတ်လမ်းတွဲထဲမှာ ပါဝင်တုန်းက အမှတ်တရလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။