(၁၀)ရက်နှင့် ညှင်းပျောက်ဆေး ဒန့်ကျွဲပင်

Health Knowledge
(၁၀)ရက်နှင့် ညှင်းပျောက်ဆေး ဒန့်ကျွဲပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၁၀)ရက်နှင့် ညှင်းပျောက်ဆေး ဒန့်ကျွဲပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၁၀)ရက်နှင့် ညှင်းပျောက်ဆေး ဒန့်ကျွဲပင်

ညှင်း နဲ့ပတ်သက်ပြီး မေးထားလို့ ရှာဖွေမျှဝေပေးခြင်းသက်သက် ဖြစ်ပါတယ်။ လူအတော်များများ အဖြစ်များကြ၏။ ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။ မိမိအသား အရောင်ထက် ပို၍ဖြူနေခြင်း၊ ပို၍ရင့်နေခြင်းဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ပွားလာတတ်လေသည်။ ရင်းဘတ်၊ ပါးပြင်၊ ဂုတ်သား၊ ကျောပြင်၊ လက်မောင်း၊ လည်ပင်းနေရာအနှံ့ အကွက်အကွက်များ ပျံ့ပွားနေတတ်သည်။

ယောက်ျား၊ မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့ များကြသည်။ ရုပ်လေးတော့ချောပါရဲ့ ညှင်းတွေ ပေါက်နေတာဆိုးတယ် ဒီလိုမျိုးပြောတတ်ကြသည်ကိုး..။ ညှင်းရောဂါသည် Mallasseziaဟုခေါ်သောမှို တစ်မျိုးကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။ နာကျင်မှု မရှိသော်လည်း တစ်ခါတစ်ရံယားယံတတ်ပါသည်။ ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန်ခက်ခဲသူတို့ အတွက် ညှင်းကို ပျောက်ကြောင်းဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။

ဆေးနည်း

ဒန်းကျွဲပင်စေ့များကို မြေအိုးတွင်မီးကျွမ်းအောင်လှော်ပြီး အမှုန့်ထောင်းပါ။ ထိုဒန့်ကျွဲမှုန့်နှင့်နှမ်းဆီစစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။

(၁၀)ရက် တိတိဇွဲရှိရှိလေး လိမ်းပေးပါက ခန္ဓာကိုယ်ပေါ်မှ ညှင်းများ ပျောက်ပြီး ပင်ကိုယ်အလှပြန်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။ နှမ်းဆီ အခက်တွေ့သူတို့ သံပုရာရည်ဖြင့်လိမ်းပါရန်။

ဒန့်ကျွဲပင်အား ရွှေမြန်မာတို့အထူးမိတ်ဆက်ရန် မလိုပါ၊ သိပြီးအပင်ဖြစ်ပါသည်။

ဒန့်ကျွဲပင်(အရှင်နာဂသိန်ပုံပြဆေးကျမ်းအဆို)

လက်တင်ဖြင့် Cassia Toraဟုခေါ်ပါသည်။ အစေ့သည်ပူ၍ ခါးသက်သောအရသာ ရှိပါသည်။ အရွက်ကို ဟင်းချက်စားခြင်း၊ အစေ့ကို သံပုရာရည်ဖြင့် ကြိတ်ပြီးလိမ်းပါက

အရေပြားရောဂါတို့ ပျောက်ပါသည်။

မျက်စိအတွက် အစေ့ကို သွေး၍ကွင်းခြင်း၊ အစေ့ကို ကျိုပြီးသောက်ပါက မျက်စိပိုးထခြင်း၊ ယားခြင်းကို သက်သာစေပါသည်။ အနာငန်းလိုက်က အစေ့ကို သွေးပြီး လိမ်းခြင်း၊ သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။

ရေးသားသူ –ရဲမျိုးသူ(ဗောဓိမြိုင်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။