ကြတ်အောင်ချက်မထားတဲ့ တီလားပီးယားငါးစားပြီး ရောဂါပိုးဝင်လို့ ခြေတွေ၊ လက်တွေ ဖြတ်ခဲ့ရတဲ့ အမျိုးသမီး

International News
ကြတ်အောင်ချက်မထားတဲ့ တီလားပီးယားငါးစားပြီး ရောဂါပိုးဝင်လို့ ခြေတွေ၊ လက်တွေ ဖြတ်ခဲ့ရတဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြတ်အောင်ချက်မထားတဲ့ တီလားပီးယားငါးစားပြီး ရောဂါပိုးဝင်လို့ ခြေတွေ၊ လက်တွေ ဖြတ်ခဲ့ရတဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြတ်အောင်ချက်မထားတဲ့ တီလားပီးယားငါးစားပြီး ရောဂါပိုးဝင်လို့ ခြေတွေ၊ လက်တွေ ဖြတ်ခဲ့ရတဲ့ အမျိုးသမီး


အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ ကြတ်အောင် ချက်ပြုတ်မထားတဲ့ တီလားပီးယားငါး စားပြီး ပိုးဝင်သွားလို့ ခြေတွေ၊ လက်တွေ ဖြတ်ပစ်ခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ဘာရာဂျာဟာ ဇူလိုင်လနှောင်းပိုင်းမှာ ဈေးကနေ ဝယ်လာတဲ့ တီလားပီးယားငါးကို ချက်စားပြီး ရက်ပိုင်းအကြာမှာ နေမကောင်းဖြစ်ခဲ့တာပါ။

” သေလုမျောပါး ဖြစ်ခဲ့တာပါ။ အသက်ရှူစက်တပ်ထားရတယ်။ ဆေးပညာအရ ကိုမာဝင်သွားတဲ့ အခြေအနေပေါ့။ သူ့လက်ချောင်းတွေ၊ ခြေထောက်တွေ မည်းပုပ်နေတယ်။ အောက်နှုတ်ခမ်းရောပဲ။ သွေးအဆိပ်သင့်ပြီး ကျောက်ကပ်လည်း အလုပ်မလုပ်တော့ဘူး” လို့ ဘာရာဂျာရဲ့ မိတ်ဆွေဖြစ်သူ မက်ဆီနာက ဆိုပါတယ်။

ဘာရာဂျာဟာ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံမှာ တစ်လကြာ ကုသမှုခံယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ခွဲစိတ်မှု လုပ်ခဲ့ရတာပါ။ ဘာရာဂျာဟာ Vibrio vulnificus ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရတာဖြစ်မယ်လို့ မက်ဆီနာက ပြောပါတယ်။ ပင်လယ်စာတွေကို အစိမ်းစားတာ၊ ကြတ်အောင် ချက်မစားတာ၊ ပင်လယ်ရေထဲမှာ ထိခိုက်ဒဏ်ရာရတာ အစရှိတဲ့ အခြေအနေတွေမှာ Vibrio vulnificus ဘက်တီးရီးယားပိုး ဝင်တတ်တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က စက်တင်ဘာလ ၁ ရက်နေ့မှာ သတိပေးခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အခုလို ရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ကနေ ၂၀၀ ကြားရှိပြီး ကူးစက်ခံရသူ ၅ ယောက်မှာ ၁ ယောက်နှုန်း Thayဆုံးခဲ့တယ်လို့ CDC က ဖော်ပြပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။