မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအစောင့် စစ်တပ် ဗုံးဖြင့် ပစ်ခတ်ခံရ စစ်သား၅ ဦးthayဆုံးဟုဆို

Local News

မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအစောင့် စစ်တပ် ဗုံးဖြင့် ပစ်ခတ်ခံရ စစ်သား၅ဦးthayဆုံးဟုဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအစောင့် စစ်တပ် ဗုံးဖြင့် ပစ်ခတ်ခံရ စစ်သား၅ ဦးthayဆုံးဟုဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်သားများကို ယနေ့ နံနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ စစ်သား ၅ ဦးthay ဆုံးသွားကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြော ဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် မြင်းမူ မြန်မာ့စီးပွားရေးဘဏ် တွင် အိပ်ပျော်နေသော လုံခြုံရေးအစောင့် စစ်သားများကို လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ စစ်သား ၅ ဦးthay ဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အိပ်နေကြတာ‌ကို အနီးကပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်။ စစ်သား ၈ ယောက်ထဲက ၂‌ယောက်ကတော့ ကြောက်ကန် ကန်ပြီး ရမ်းသန်းပစ်လိုက်သေးတယ်။ သူပစ်တာနဲ့ ကျွန်တော်တို့ ပစ်တဲ့ဘက်နဲ့ တစ်ခြားစီပါပဲ ။ကိုယ်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ မြို့ပေါ်က ဖရဲသီးတွေဆီ စုံစမ်းလိုက်တော့ ၅ယောက်thay တယ်၊ ၁ယောက်ကတော့ အခြေအနေဆိုးတဲ့ဒဏ်ရာရထားပြီး ပြန်ပစ်တဲ့သူနှစ်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာရှိတယ်လို့သိထားရတယ်”ဟုမြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Zero ပျောက်ကျားတပ်ဖွဲ့၊True Fighterအဖွဲ့တို့‌ ပူပေါင်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


ဓာတ်ပုံ- မြင်းမူမြို့နယ် မြို့မစျေးတွင် တွေ့ရသည့် စစ်တပ်ဘန်ကာနှင့်လုံခြုံရေးတဲ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။