မိတ်ဆွေ အတုအယောင်မှန်း သိသာစေသော အချက်များ

Knowledge
မိတ်ဆွေ အတုအယောင်မှန်း သိသာစေသော အချက်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိတ်ဆွေ အတုအယောင်မှန်း သိသာစေသော အချက်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိတ်ဆွေ အတုအယောင်မှန်း သိသာစေသော အချက်များ

ဒုက္ခရောက်တဲ့ အခါ ပေါ်မလာဘူး

မိမိကိုယ် တစ်ကယ်ခင်တဲ့ မိတ်ဆွေတွေက ဘယ်တော့ ဖြစ်ဖြစ် မိမိ ဒုက္ခရောက်ပြီလို့ ကြားလိုက်တာနဲ့ ချက်ချင်း ရောက်လာပါလိမ့်မယ်။ မိတ်ဆွေ အတုအယောင်တွေကတော့ အဲလို မဟုတ်ပါဘူး။ မလာချင်လို့ ဆင်ခြေတွေကိုသာ ပေးပါလိမ့်မယ်။

မိမိမကောင်းကြောင်း နောက်ကွယ်မှာ ပြောတယ်

မိတ်ဆွေ အစစ်ကတွေက မိမိရှေ့မှာရော ကွယ်ရာမှာရော မိမိ မကောင်းကြောင်း လုံးဝ မပြောပါဘူး။ သို့သော် မိတ်ဆွေ အတုတွေကတော့ မိမိ မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောပါလိမ့်မယ်။ နောက်ကွယ်မှာ ပြောတာ သိရပြီဆိုရင်တော့ သူဟာ မိတ်ဆွေ အတုအယောင် တစ်ယောက်ပါ။

အောင်မြင်ရင် မနာလိုခြင်း

မိမိကိုခင်တဲ့ မိတ်ဆွေကတော့ မိမိအောင်မြင်တဲ့ အခါမှာ ဝမ်းသာကြပေမယ့် မိမိကို မခင်တဲ့ မိတ်ဆွေများကတော့ အောင်မြင်တာနဲ့အမျှ မနာလို ဖြစ်ပါလိမ့်မယ်။

မိမိအတွက် မှန်ကန်သော အကြံဉာဏ် မပေးခြင်း

မိမိက တစ်စုံတစ်ခုသော အကြံဉာဏ်ကို လိုချင်လို့ သွားပြီး တောင်းခံချိန်မှာ မှန်ကန်သော အကြံဉာဏ် မပေးဘဲ ဒုက္ခတွေ့စေမယ့် အကြံဉာဏ်ကိုသာ ပေးပြီးဆိုရင်တော့ သူ့ကို သတိထားပါ။

လိုအပ်တာရှိမှ လာပေါင်းတယ်

မိတ်ဆွေ အတုအယောက်တွေက သူတို့ တစ်ခုခု လိုအပ်တာရှိမှ လာပေါင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ သတိထားပါ။ သူတို့ဟာ သင်ဒုက္ခရောက်ရင်လည်း ကူညီမှာ မဟုတ်တဲ့အပြင် သင်အောင်မြင်ရင်လည်း မနာလိုဖြစ်ပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။