ဆန်းဝှစ်သွားဝယ်ရင်း ထီကံစမ်းမိပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အမျိုးသား

International News
ဆန်းဝှစ်သွားဝယ်ရင်း ထီကံစမ်းမိပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆန်းဝှစ်သွားဝယ်ရင်း ထီကံစမ်းမိပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆန်းဝှစ်သွားဝယ်ရင်း ထီကံစမ်းမိပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အမျိုးသား

ဖလော်ရီဒါပြည်နယ်က ထရာဗစ် ဟောလ်ဆိုတဲ့ အမျိုးသားဟာ ဆန်းဝှစ်ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Publix ကုန်စုံဆိုင်ကို သွားခဲ့ပါတယ်။ အဲ့ဒီဆိုင်ရောက်တော့ ခဲခြစ်ထီလက်မှတ်တွေကို မြင်ပြီး ဒေါ်လာ ၂၀ တန် Monopoly Doubler ခဲခြစ်ထီကို ထိုးဖြစ်သွားခဲ့ပါတယ်။ ထီထိုးလိုက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က သူ့ကို ဒေါ်လာ ၅ သန်း ကံထူးသွားစေခဲ့တာပါပဲ။

ထီလက်မှတ်ကို ချက်ချင်းခဲခြစ်ခဲ့တာမဟုတ်တဲ့အတွက် သူ သန်းကြွယ်သူဌေးဖြစ်မယ်ဆိုတာ တန်းမသိခဲ့ပါဘူး။ ထီလက်မှတ်ကို ခဲခြစ်ဖို့ ရက်အနည်းငယ်စောင့်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ ထီလက်မှတ်ကို ခဲခြစ်ဖို့ စိတ်လှုပ်ရှားနေတဲ့အတွက် သူ့ဇနီးဖြစ်သူကို ခဲခြစ်ခိုင်းခဲ့တာပါ။

ထရာဗစ်က ထီဆုကြေးငွေ တစ်လုံးတစ်ခဲတည်းယူခဲ့တဲ့အတွက် ဒေါ်လာ ၄ သန်းနီးပါး (ဒေါ်လာ ၃၉၉၄၆၉၈) ရရှိသွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။