အာဂျင်တီးနားတက်တူးဆရာတွေကို မက်ဆီပုံတက်တူးထိုးပေးဖို့ တောင်းဆိုတဲ့သူများပြားနေ

Celebrity Sports

အာဂျင်တီးနားတက်တူးဆရာတွေကို မက်ဆီပုံတက်တူးထိုးပေးဖို့ တောင်းဆိုတဲ့သူများပြားနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဂျင်တီးနားတက်တူးဆရာတွေကို မက်ဆီပုံတက်တူးထိုးပေးဖို့ တောင်းဆိုတဲ့သူများပြားနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ကမ္ဘာဖလားရရှိခဲ့ပြီးကတည်းက အာဂျင်တီးနားမြို့တော်ဗျူနိုအေးရိစ်မြို့က တက်တူးဆရာတွေဟာ မက်ဆီပုံတက်တူးထိုးချင်တဲ့သူတွေကြောင့် လက်မလည်ဖြစ်ခဲ့ရပါတယ်။ အာဂျင်တီးနားအသင်း အနိုင်ရလို့ ပျော်ပွဲရွှင်ပွဲတွေကျင်းပအပြီးမှာ တက်တူးဝါသနာရှင်အများအပြားက တက်တူးပညာရှင်တွေဆီ စုပြုံရောက်လာကြပြီး မက်ဆီပုံကို တက်တူးထိုးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

တချိုလူတွေဆိုရင် ကမ္ဘာဖလားဗိုလ်လုပွဲညမတိုင်ခင်ထဲက မက်ဆီရဲ့ပုံကို တက်တူးထိုးဖို့ ကြိုတင်ဘိုကင်ချိတ်ထားခဲ့တယ်။ နောက်တစ်နေ့ဆိုင်ရှေ့မှာ တက်တူးထိုးဖို့ လူအုပ်ကြီး တန်းစီစောင့်နေမယ်လို့ စိတ်ကူးတောင်မယဉ်ခဲ့မိဘူးလို့ အာဂျင်တီးနားတက်တူးဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆီဘက်ရှန် အာဂူလို ပါဇ်က ပြောပါတယ်။ တက်တူးစတူဒီယိုက ဖုန်းဟာ မရပ်မနားမြည်နေခဲ့ပြီး မက်ဆီ၊ ကမ္ဘာ့ဖလားနဲ့ အာဂျင်တီးနားအလံတက်တူးတွေအကြောင်း မေးခွန်းတွေ မေးခဲ့ကြတယ်လို့ ဆီဘက်ရှန်က ဆိုပါတယ်။

မက်ဆီမျက်နှာပုံဖော်ထားတဲ့ ဆံပင်စတိုင်

မက်ဆီပုံကို တက်တူးထိုးတာအပြင် ဒိုမီနီကန်သမ္မတနိုင်ငံက ဘောလုံးပရိသတ်တစ်ဦးကဆိုရင် မက်ဆီမျက်နှာပုံဖော်ထားတဲ့ဆံပင်စတိုင်ညှပ်ခဲ့တာပါ။ သူ့ရဲ့ဆံပင်နောက်ဘက်ခြမ်းကိုရိတ်ပြီး မက်ဆီမျက်နှာကို ပုံဖော်ထားတာပါ။ ဒီဆံပင်စတိုင်ကို ဖန်တီးပေးခဲ့တာက ဆံပင်ညှပ်ဆရာ အန်တွန် ဘာဗာဆိုသူဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ပေးထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။